ငွေဆောင်ကမ်းခြေ မြေယာလျော်ကြေးကိစ္စ ညှိနှိုင်းမှုအဆင်မပြေသေး

ငွေဆောင်ကမ်းခြေ မြေယာလျော်ကြေးကိစ္စ ညှိနှိုင်းမှုအဆင်မပြေသေး

ပုသိမ်၊ ဇန်နဝါရီ ၂ ။                ။ ငွေဆောင်ကမ်းခြေရှိ မြေယာလျော်ကြေးကိစ္စကို ညှိနှိုင်းမှုများ ဆောင်ရွက်နေသော်လည်း အဆင်မပြေသေး သောကြောင့် မြေစစ်မူဝါဒနှင့် အညီဆက်လက်ဆောင်ရွက်ရန် တင်ပြသွားမည်ဟု တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီိး ဦးကျော်မြင့်က ပြောသည်။

“ဟိုတယ်မြေများရဲ့ မူလပိုင်ရှင်များကလိုချင်တဲ့ငွေကြေးပမဏက သောင်းဂဏန်းနဲ ့ ပေးချင်တဲ့သူက ဆယ် ဂဏန်းပဲ ပေးချင်တယ်။ လိုချင်တဲ့သူက တစ်ဧကကို သောင်းဂဏန်း လိုချင်ပါတယ်။ သိန်းပေါင်း သောင်းနဲ့ ချီတဲ့ ပမာဏကို လိုချင်တယ်။ လျော်ကြေးပေးတဲ့သူတွေဘက် တစ်ဧကကို ဆယ်ဂဏန်းလောက်ပေးတဲ့ အနေ အထားပဲ ရှိတဲ့အခါကျတော့ နှစ်ဘက်မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေတစ်ခု ရအောင်ကြိုးစား ခဲ့ပေမယ့် နှစ်ဘက်သဘောတူတဲ့ အဖြေကမရခဲ့ပါဘူး။ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ ့ကို တင်ပြ ပြီးတော့မှ မြေစစ်အဖွဲ့က မြေစစ်မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်မှ အဆင်ပြေမယ့် အနေ အထား ဖြစ်တယ်”ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

ငွေဆောင်ကမ်းခြေတွင် ၂ဝဝဝခုနှစ်က ဖွင့်လှစ်ခဲ့သည် ဟိုတယ်၂၁လုံးအတွက် မူလပိုင်ရှင်များက လျော်ကြေး နစ်နာကြေးရလိုမှုအား တိုင်းဒေသကြီးအစိုးရသို ့တင်ပြခဲ့ပြီး ဟိုတယ်လုပ်ငန်းရှင်များနှင့် မူလပိုင်ရှင်များ အကြား သင့်လျော်သည့် လျော်ကြေးနစ်နာကြေးရရှိရေးအတွက် တိုင်းအစိုးရအရှေ ့တွင် ညှိနှိုင်းဆောင်ရွက် ပေးသော် လည်း လျော်ကြေးကိစ္စအဆင်ပြေမှုမရသေးကြောင်း သိရသည်။

“ကျွန်တော်တို့တွေက အများသဘောတူ တောင်းထားတာက ငွေဆောင်ရဲ့ ကာလဒေသ ပေါက်စျေးကိုပဲ တောင်းထားတာပါ”ဟု ငွေဆောင်မှ မြေသိမ်းဆည်းခံရသူဦးမျိုးမြင့်က ပြောသည်။

ငွေဆောင်တွင် သိမ်းဆည်းခံမြေများအမှန်နှင့် အမြန်ဖြေရှင်းပေးရေးအတွက်၂၀၁၈ခုနှစ် နိုဝင်ဘာလ၂၄ရက်နေ ့ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သီးနှံလျော်ကြေးရရှိရေး၊ အသုံးမပြုတော့သည့် မြေများကို မူလ တောင်သူများထံ လက်ဝယ်ရရှိရေး တို့ကို တောင်းဆိုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်ကျေးရွာတွင် ၂ဝဝဝခုနှစ်က တောင်သူ၂၄၈ဦး၏ တောင်ယာ မြေများကို သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly