၀ါးခယ်မကိုယ်စားလှယ် နုတ်ထွက်စာတင်ထားသောကိစ္စ ထွက်ခွင့် ပေး၊ မပေး စောင့်ဆိုင်းနေ

၀ါးခယ်မကိုယ်စားလှယ် နုတ်ထွက်စာတင်ထားသောကိစ္စ ထွက်ခွင့် ပေး၊ မပေး စောင့်ဆိုင်းနေ

ဇန်နဝါရီ ၂၊ ပုသိမ် ။             ။ ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက နုတ်ထွက်စာ တင်ထားပြီး ထွက်ခွင့် ပေး၊ မပေး စောင့်ဆိုင်းနေကြောင်းကို သိရှိရသည်။

“အန်တီက လွှတ်တော်က ထွက်စာတင်ထားပြီးတော့ ထွက်ခွင့် ပေး၊မပေး အန်တီက စောင့်နေတာလေ။ အန်တီက လွှတ်တော် တက်တာ မဟုတ်ဘူးလေ၊အန်တီက လွှတ်တော်မတက်ပေမယ့် ကိုယ်စားလှယ် တာဝန် ကျန်နေတာကြောင့် ၀ါးခယ်မမှာပဲ နေပြီးတော့ ပြည်သူ့ကိစ္စတွေကို ဆောင်ရွက်ပေးနေတာလေ”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်စာတင်ထားသည့် ၀ါးခယ်မမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

၀ါးခယ်မမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း နုတ်ထွက်စာ တင်ထား သည်ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းတည်းက သတင်းများ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

“ မြို့နယ်တစ်ခုမှာ ကျွန်တော်တို့တိုင်းက နှစ်ယောက် ရှိတယ်။ သူက နယ်မြေကွင်းဆင်းတဲ့ကိစ္စ သူက ဟိုမှာ လုပ်၊ လွှတ်တော်တင်မှရမဲ့ကိစ္စက ဦးဌေးအောင်က တင်၊ သူက အဲဒီလိုပုံစံမျိုး ဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

၀ါးခယ်မမြို့နယ်တွင် အမှတ်(၁) မဲဆန္ဒနယ်တိုင်းဒေသကြီးကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင် နှင့် ၀ါးခယ်မမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းတို့ ဖြစ်ကြသည်။

၀ါးခယ်မမြို့နယ်၊အမှတ်(၂)မဲဆန္ဒနယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းသည် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်သို ့စာတင်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ စတင်ပြီး လွှတ်တော်တက်ရောက်ခြင်းမရှိတော့ကြောင်း သိရသည်။

နုတ်ထွက်စာတင်ရခြင်းနှင့်ပတ်သက်ပြီး “ လိုအပ်ချက်တွေ နဲ ့လုပ်ဆောင်မှုတွေက လွဲမှားတွေရှိတဲ့ အခါကြ တော့ မကျေနပ်တော့ကြောင့် ဖြစ်ပါတယ်” ဟု ၀ါးခယ်မမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

ဒေါ်မြင့်မြင့်စန်းအနေဖြင့် ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှ ကျင်းပပြီးခဲ့သည့် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထိ လွှတ်တော်သို ့တက်ရောက်ခြင်း မရှိတော့ဘဲ၊ နယ်မြေများတွင် လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အချက် ၄ ရပ်ပေါ်မှာ ကိုယ်စားလှယ်ပျက်ယွင်းကြောင်းကို ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းထားကြောင်း” ကျောင်းကုန်းမြို ့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာထိန်းဝင်းက ပြောသည်။

၀ါးခယ်မမြို့နယ်၊အမှတ်(၂)မဲဆန္ဒနယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းသည် ၂၀၁၂ ခုနှစ်က ၀ါးခယ်မမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီး ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရခြင်း ဖြစ်သည်။

ဒေါ်မြင့်မြင့်စန်းသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရှိ ကိုယ်စားလှယ်များတွင် လက်ရှိအချိန်အထိ ဒုတိယမေးခွန်းအများဆုံးမေးမြန်းထားသည် ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly