မုံရွာမြို့တွင် ဆိုင်ကယ်ဘေးတွဲယာဉ်နှင့် ဘတ်စ်ကားတိုက်မိ၍ တစ်ဦးသေဆုံး

မုံရွာမြို့တွင် ဆိုင်ကယ်ဘေးတွဲယာဉ်နှင့် ဘတ်စ်ကားတိုက်မိ၍ တစ်ဦးသေဆုံး

ဇန်နဝါရီ ၁ ။       ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်၊ မုံရွာ- မန်းလေး သွား ကားလမ်း စားသောက်ဆိုင်တစ်ခုရှေ့တွင် ဇန်နဝါရီ ၁ ရက်နေ့၌ ဆိုင်ကယ်ဘေးတွဲယာဉ်နှင့် ခရီးသယ်တင်ဘတ်စ်ကား တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မောင်းနှင်လာသည့် မင်းတိုင်ပင်- မန္တလေး ခရီးသည်တင်ယာဉ်သည် ရှေ့ယာဉ်တစ်စီးအား ကျော်တက်စဉ် တစ်ဖက်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ဆိုင်ကယ်ဘေးတွဲအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်မိမှုကြောင့် ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ နောက်စေ့ဖုယောင်၊ ဝဲယာခြေဖနောင့်နာ၊ဝဲ/ယာ လက်ကောက်ဝတ်စုတ်ပြဲ၊ ယာဒူးကျိုး၊ ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး မုံရွာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားမှုနဲ့ ပက်သက်၍ ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက် တိုက်မိကာ အခြားသူများအား သေဆုံး/ဒဏ်ရရရှိစေသူ ယာဉ်မောင်း စန်းဝင်းနိုင်အား မုံရွာမြို့မရဲစခန်း ယာဉ် ပ ၁/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၃၃၈တို့ဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly