ဒီဇင်ဘာ ၂၉ ။ ။ ရခိုင်ယူနိုက်တက်အသင်းသည် လာမည့် ၂ဝ၁၉ ဘောလုံးရာသီတွင် အသင်းတိုးတက်စေရန် ရည်ရွယ်ပြီး သရုပ်ဆောင် နေထက်လင်းက ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။
အသင်း၏ပရိသတ်များ တိုးပွားလာစေရန် နှင့် အသင်း၌ ရှယ်ယာရှင်များတိုးပွားလာစေရန် ရည်ရွယ်၍ ကို တိုးတက်လာစေရန် ကူညီသွားမည်ဖြစ်သည်ဟု ရခိုင်ယူနိုက်တက်အသင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပြည်နယ်ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် နေတဲ့ ဘောလုံးအသင်းတိုးတက်အောင်ကူညီပေးသွားမယ်။ပရိသတ်တွေတိုးလာအောင်၊အသင်းမှာ ရှယ်ယာ ရှင်တွေများလာအောင် စည်းရုံးပေးသွားမယ်။ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ လူငယ်တွေကို ဘောလုံး ကစားနည်းမှာ စိတ်ဝင်စားလာပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်ပြီး နိုင်ငံလက်ရွေးစင် ကစားသမားတွေ ဖြစ်အောင် ကူညီချင်တဲ့အတွက် ဒုဥက္ကဋ္ဌရာထူးကိုလက်ခံခဲ့တာပါ”ဟု သရုပ်ဆောင် နေထက်လင်းက ပြောခဲ့သည်။
ရခိုင်ယူနိိုက်တက်အသင်းသည် လာမည့် ၂ဝ၁၉ ဘောလုံးရာသီတွင် အောင်မြင်မှု ရရှိရန် ပြည်ပကစားသမား သုံးဦးခေါ်ယူထားပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင် ကစားသမားဟောင်းဦးသန်းဝေက တာဝန်ယူမည် ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ၂ဝ၁၉ ဘောလုံးရာသီတွင် ပထမအကျော့ပွဲစဉ် (၁၁)ပွဲစလုံးကို စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစါသည်။