ကာရစ်ဘီယံ ပင်လယ်ဓားပြ ဂျက်စပါးရိုးအဖြစ် ဝတ်ဆင်ပြီး ကလေးဆေးရုံက ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဂျွန်နီဒက်ပ်

ကာရစ်ဘီယံ ပင်လယ်ဓားပြ ဂျက်စပါးရိုးအဖြစ် ဝတ်ဆင်ပြီး ကလေးဆေးရုံက ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဂျွန်နီဒက်ပ်
Photo: AFP

ဒီဇင်ဘာ ၂၉ ။       ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂၈ ရက်က ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ ကာရစ်ဘီယံ ပင်လယ်ဓားပြ ဂျက်စပါးရိုးအနေနဲ့ ဝတ်ဆင်ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Curie Institute ကလေးဆေးရုံကို သွားရောက်ပြီး ကလေးတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ အဆိုပါဆေးရုံမှာ တက်ရောက်နေတဲ့ ကလေးတွေနဲ့ အတူ ဓာတ်ပုံရိုက်ခဲ့သလို ဆေးရုံဝန်ထမ်းတွေနဲ့လည်း စကားပြောခဲ့တာဖြစ်ပါတယ်။

ဂျွန်နီဒက်ပ်အနေနဲ့ ကာရစ်ဘီယံ ပင်လယ်ဓားပြ ဂျက်စပါးရိုးအဖြစ် ဝတ်ဆင်ပြီး ဆေးရုံတက်နေတဲ့ ကလေးတွေကို သွားတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

လန်ဒန်မှာရှိတဲ့ Great Ormond Street ဆေးရုံက ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့ဖူးသလို ၂၀၁၇ ခုနှစ်မှာလည်း ကနေဒါနိုင်ငံ၊ ဗန်ကူးလ်ပါးမှာရှိတဲ့ BC ကလေးဆေးရုံက ကလေးတွေကိုလည်း ၅ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

ကာရစ်ဘီယံ ပင်လယ်ဓားပြ ဂျက်စပါးရိုးအဖြစ် သရုပ်ဆောင်လာခဲ့တဲ့ ဂျွန်နီဒက်ပ်ဟာ နောက်ထပ်ရိုက်ကူးမယ့် ကာရစ်ဘီယံ ပင်လယ်ဓားပြကားတွေမှာတော့ ဆက်လက်သရုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly