လှိုင်သာယာ ကြက်စာသိုလှောင်ရုံ မီးလောင်မှုအတွက် တာဝန်ခံဖြစ်သူအား အမှုဖွင့်

လှိုင်သာယာ ကြက်စာသိုလှောင်ရုံ မီးလောင်မှုအတွက် တာဝန်ခံဖြစ်သူအား အမှုဖွင့်
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။             ။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)၊ ဒုဌဝတီလမ်းနှင့် စစ်တောင်းလမ်းထောင့်၊ အမှတ်(၃ဝ)ရှိ ကြက်စာသိုလှောင်ရုံ မီးလောင်မှုအတွက် တာဝန်ခံဖြစ်သော ဦးတင်ကိုကိုအား အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဒီဇင်ဘာလ  ၂၅ ရက်နေ့၊ နံနက် ၁ နာရီ၊ ၁ဝ မိနစ်ခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခြံအတွင်းရှိ ကြက်စာ သိုလှောင်ရုံ(၁)ထပ်တွင် အဲကွန်းချို့ယွင်းရာမှ မီးပွားများလွင့်စင်ပြီး ပီနံအိတ်ဖြင့်ထုပ်ပိုးထားသည့် ကြက်စာ ငါးခြောက်များသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြက်စာသိုလှောင်ရုံ ပိုင်ရှင်မှာ ဒေါ်ဆွေတင်ဖြစ်ပြီး မီးလောင်မှုကြောင့် ကြက်စာငါးခြောက်ပိဿာ ၄ဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မီးလောင်မှုကို ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အထောက် အကူပြုယာဉ်(၇)စီး၊ အုပ်ချုပ်မှုယာဉ်(၇)စီး၊ သန္ဓေ (၂၄၇)ဦး၊ အရန်(၉၅) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ၊ မိနစ် ၂ဝ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅ ဦး (မစိုးရိမ်ရ)အား မေတ္တာပါရမီပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ကြက်စာသိုလှောင် ရုံ၏ တာဝန်ခံဖြစ်သူ ဦးတင်ကိုကိုအား လှိုင်သာယာမြို့မစခန်းမှ (ပ)၁၃၃၇/၂ဝ၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly