ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၈ စွမ်းဆောင်မှုမြင့်မားဆုံး ကလပ်များနဲ့ လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက် နှစ်ရပ်မှာ ရီးယဲလ်နဲ့ စပိန်လာလီဂါတို့ ထိပ်ဆုံးနေရာကို စိုးမိုးထား 

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၈ စွမ်းဆောင်မှုမြင့်မားဆုံး ကလပ်များနဲ့ လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက် နှစ်ရပ်မှာ ရီးယဲလ်နဲ့ စပိန်လာလီဂါတို့ ထိပ်ဆုံးနေရာကို စိုးမိုးထား 
Photo: EPA

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က စီစစ်ရွေးချယ်တဲ့ ၂၀၁၈ စွမ်းဆောင်မှုမြင့်မားတဲ့ ကလပ်အသင်းများ အဆင့်သတ်မှတ်ချက်ဇယားမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ထိပ်ဆုံးကနေ ဦးဆောင်နေသလို UEFA လိဂ်ပြိုင်ပွဲများ ရပ်တည်ချက်မှာလည်း စပိန်လာလီဂါကပဲ ဦးဆောင်းနေကြောင်း အင်္ဂါနေ့က အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကလပ်အသင်းများရဲ့ စွမ်းဆောင်ရည် မှတ်တမ်းအရ ချန်ပီယံလိဂ် ၃ ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ စပိန်ကလပ် ရီးယဲလ်အသင်းဟာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်နဲ့ တတိယနေရာက ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ UEFA အဖွဲ့ချုပ်ရဲ့ စွမ်းဆောင်မှုမြင့်မားဆုံး အဆင့်ရပ်တည်မှုဇယားမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့က ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဆုကြေးငွေ ပြန်လည်ချီးမြှင့်တဲ့ နေရာမှာ အသုံးပြုတဲ့ ၁၀ နှစ်အတွင်း စွမ်းဆောင်ရည်မြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက်ဇယားမှာလည်း ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အထက်မှာ ရပ်တည်နေပါတယ်။

အက်သလက်တီကိုအသင်းဟာ ၅ နှစ်နဲ့ ၁၀ နှစ်အတွင်း စွမ်းဆောင်ရည်မြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက် နှစ်ရပ်စလုံးမှာ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

စပိန်ရဲ့ လာလီဂါပြိုင်ပွဲဟာလည်း လက်ရှိရာသီအပြင် ၅ နှစ်အတွင်း UEFA စွမ်းဆောင်ရည်မြင့်မားဆုံး လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပြန်ပါတယ်။

၅ နှစ်အတွင်း UEFA စွမ်းဆောင်ရည်မြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း

၁။ ရီးယဲလ်မက်ဒရစ် (စပိန်) ရမှတ် ၁၄၄၀၀၀
၂။ ဘိုင်ယန်မြူးနစ် (ဂျာမနီ) ရမှတ် ၁၂၇၀၀၀
၃။ ဘာစီလိုနာ (စပိန်) ရမှတ် ၁၂၇၀၀၀
၄။ အက်သလက်တီကို (စပိန်) ရမှတ် ၁၂၅၀၀၀
၅။ ဂျူဗင်တပ်စ် (အီတလီ) ရမှတ် ၁၂၀၀၀၀
၆။ ပီအက်စ်ဂျီ (ပြင်သစ်) ရမှတ် ၁၀၁၀၀၀
၇။ မန်စီးတီး (အင်္ဂလန်) ရမှတ် ၉၉၀၀၀
၈။ ဆီဗီလား (စပိန်) ရမှတ် ၉၉၀၀၀
၉။ ပေါ်တို (ပေါ်တူဂီ) ရမှတ် ၉၀၀၀၀
၁၀။ အာဆင်နယ် (အင်္ဂလန်) ရမှတ် ၈၆၀၀၀

၁၀ နှစ်အတွင်း UEFA စွမ်းဆောင်ရည်မြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း

၁။ ရီးယဲလ်မက်ဒရစ် (စပိန်) ရမှတ် ၃၇၉၀၀၀
၂။ ဘာစီလိုနာ (စပိန်) ရမှတ် ၃၁၇၀၀၀
၃။ ဘိုင်ယန်မြူးနစ် (ဂျာမနီ) ရမှတ် ၂၉၇၀၀၀
၄။ အက်သလက်တီကို (စပိန်) ရမှတ် ၂၃၀၀၀၀
၅။ မန်ယူ (အင်္ဂလန်) ရမှတ် ၂၂၀၀၀၀
၆။ ချယ်လ်ဆီး (အင်္ဂလန်) ရမှတ် ၂၁၆၀၀၀
၇။ ဂျူဗင်တပ်စ် (အီတလီ) ရမှတ် ၂၀၁၀၀၀
၈။ ပေါ်တို (ပေါ်တူဂီ) ရမှတ် ၁၉၅၀၀၀
၉။ အာဆင်နယ် (အင်္ဂလန်) ရမှတ် ၁၉၂၀၀၀
၁၀။ ဘင်ဖီကာ (ပေါ်တူဂီ) ရမှတ် ၁၇၉၀၀၀

၅ နှစ်အတွင်း UEFA စွမ်းဆောင်ရည်မြင့်မားဆုံး လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး လိဂ်(၁၀) ခု

၁။ စပိန် (လာလီဂါ) ရမှတ် ၉၇၅၆၉
၂။ အင်္ဂလန် (ပရီးမီးယားလိဂ်) ရမှတ် ၇၅၆၀၅
၃။ အီတလီ (စီးရီးအေ) ရမှတ် ၇၂၁၅၄
၄။ ဂျာမနီ (ဘွန်ဒစ်လီဂါ) ရမှတ် ၆၉၇၈၄
၅။ ပြင်သစ် (လီဂူ - ၁) ရမှတ် ၅၇၁၆၅
၆။ ရုရှား (ပရီးမီးယားလိဂ်) ရမှတ် ၄၉၇၁၆
၇။ ပေါ်တူဂီ (လီဂါ) ၄၅၈၃၂
၈။ ဘယ်လ်ဂျီယံ (လိဂ် A ပထမတန်း) ရမှတ် ၃၈၃၀၀
၉။ ယူကရိန်း (ပရီးမီးယားလိဂ်) ၃၈၁၀၀
၁၀။ တူရကီ (စူပါလိဂ်) ၃၄၀၀၀

လက်ရှိရာသီ UEFA စွမ်းဆောင်ရည်မြင့်မားဆုံး လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး လိဂ်(၁၀) ခု

၁။ စပိန် (လာလီဂါ) ရမှတ် ၁၃၅၇၁
၂။ ဂျာမနီ (ဘွန်ဒစ်လီဂါ) ရမှတ် ၁၃၀၇၁
၃။ အင်္ဂလန် (ပရီးမီးယားလိဂ်) ရမှတ် ၁၂၇၈၅
၄။ အီတလီ (စီးရီးအေ) ရမှတ် ၁၀၀၇၁
၅။ ပြင်သစ် (လီဂူ - ၁) ရမှတ် ၉၂၅၀
၆။ ပေါ်တူဂီ (လီဂါ) ရမှတ် ၈၅၀၀
၇။ ဘယ်လ်ဂျီယံ (လိဂ် A  ပထမတန်း) ၇၂၀၀
၈။ နယ်သာလန် (Eredivisie) ရမှတ် ၆၈၀၀
၉ = ရုရှား (ပရီးမီးယားလိဂ်) ရမှတ် ၆၇၅၀
၉ = စကော့တလန် (ပရီးမီးယားရှစ်) ရမှတ် ၆၇၅၀

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly