တီးတိန်မြို့နယ်တွင် အသက် ၇ နှစ်ရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းမိ

By မွှေးနီ
25 December 2018
တီးတိန်မြို့နယ်တွင် အသက် ၇ နှစ်ရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းမိ

ကလေး၊ဒီဇင်ဘာ - ၂၅ ။             ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခဲ့သူ အသက် ၁၉ နှစ်အရွယ် သျှင်းလျန်းပြောင်အား ခိုင်ကမ်းမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ လိုက်လံရှာဖွေရာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က တီးတိန်မြို့နယ်၊ သျှင်းလျန်းပြောင်သည် …..ကျေးရွာသို့ သွားရောက်၍ အရက်သောက်ပြီး ညနေ ၆ နာရီတွင် နေအိမ် သို့ ပြန်ရောက်စဉ် အိမ်နားလမ်းပေါ်၌ အသက် ၇ နှစ်ရွယ် မိန်းကလေးတစ်ဦးအားတွေ့ရှိပြီး မုန့်ကျွေးမည် ဟု သွေးဆောင်ခေါ်ယူခဲ့ကာ ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူက အသက် ၇ နှစ်အရွယ်မိန်းကလေးကို မိဘများနှင့် အခြားသူများအား မပြောရန် ပြောခဲ့ပြီးနောက် ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနေအိမ်သို့ ဗီဒီယိုကြည့် ခေါ်သွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူအသက် ၇ နှစ်အရွယ်မိန်းကလေးအား နေအိမ်၌ပြန်လာပြီး မိဘများကို ပြောခဲ့သောကြောင့် မိခင်ဖြစ်သူက ခိုင်ကမ်းရဲစခန်းထံ တိုင်ကြားခဲ့ပြီးနောက် ခိုင်ကမ်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းနိုင် ၊ တာဝန်မှူး ဒုရဲအုပ် ကျော်သန်းဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြစ်မှုကျူးလွန်သူအား ရှာဖွေဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခဲ့သူ သျှင်းလျန်းပြောင်အား ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှ အမှုကြီးအမှတ် ၁ / ၂၀၁၈ ( ပ ) ၃၄ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly