အမေရိကန်စီးပွားရေးရဲ့ တစ်ခုတည်းသော ပြဿနာက ဗဟိုဘဏ်ဖြစ်တယ်ဆိုပြီး ဒေါ်နယ်ထရမ့် တိုက်ခိုက်ပြောကြား

အမေရိကန်စီးပွားရေးရဲ့ တစ်ခုတည်းသော ပြဿနာက ဗဟိုဘဏ်ဖြစ်တယ်ဆိုပြီး ဒေါ်နယ်ထရမ့် တိုက်ခိုက်ပြောကြား

ဒီဇင်ဘာ ၂၅ ။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဗဟိုဘဏ်တာဝန်ရှိသူတွေအပေါ် ပြစ်တင်ကြိမ်းမောင်းမှု ထပ်မံ ပြုလုပ်ခဲ့ပြန်ပါတယ်။

လက်ရှိကာလမှာ အမေရိကန် စီးပွားရေး နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေခြင်းဟာ အဓိကအားဖြင့် ဗဟိုဘဏ်ကြောင့် ဖြစ်တယ်ဆိုပြီး သမ္မတ ထရမ့်က တိုက်ခိုက်ပြောဆိုသွားခဲ့ပါတယ်။

“ ကျုပ်တို့ နိုင်ငံမှာ ရှိနေတဲ့ တစ်ခုတည်းသော ပြဿနာက ဗဟိုဘဏ်ဗျ၊ ဒီ ဗဟိုဘဏ်က တကယ်တော့ အစွမ်းရှိပေမယ့် ကျွင်းထဲ ဝင်အောင် မရိုက်နိုင်တဲ့ ဂေါက်သီးသမားလိုပဲ” ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် တိုက်ခိုက်ရေးသားသွားပါတယ်။

ယင်းနိုင်ငံမှာတော့ ဗဟိုဘဏ်က အိမ်ဖြူတော် လက်အောက်မှာ မရှိဘဲ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာတော့ ဗဟိုဘဏ်အနေနဲ့အတိုးနှုန်း မူဝါဒပိုင်း ချမှတ်မှု  အားနည်းတယ်ဆိုပြီး ထရမ့်က အားမလိုအားမရဖြစ်ကာ မကြာခဏဆိုသလို တိုက်ခိုက်ပြောဆိုမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly