အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ တံတားနှင့် တိုက်မိကာ လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၅၀ ထက်မနည်းရှိ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ တံတားနှင့် တိုက်မိကာ လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၅၀ ထက်မနည်းရှိ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း အင်ဂျင်ချွတ်ယွင်းမှုဖြစ်ကာ စက်လှေတစ်စီး တံတားတစ်စင်းနှင့် တိုက်မိနစ်မြုပ်ရာတွင် ပျောက်ဆုံးလျက်ရှိနေသူပေါင်း ၅၀ ထက်မနည်းရှိနေကြောင်း တာန်ရှိသူများက ပြောသည်။

လှေနစ်မြုပ်မှုမှ ရှင်ကျန်လွတ်မြောက်လာသူများက လှေဝမ်းတွင်း ပိတ်မိနစ်မြုပ်နေခဲ့သူ ခရီးသည် ၂၀ ကျော်ရှိသည်ဟု ဆိုသည်။ လှေပေါ်လိုက်ပါလာကြသူများသည် လှေပြိုင်ပွဲတစ်ခုသို့သွားရန် စီးနင်လိုက်ပါလာကြခြင်းဖြစ်သည်။

ယင်းစက်လှေနစ်မြုပ်မှုသည် ကိုလိုဟီမြစ်အတွင်း ဖြစ်ပွားခြင်းဖြစ်သည်။ လှေပေါ်လိုက်ပါလာသူ ခရီးသည် ၁၅၀ ကျော်က လှေနစ်မြုပ်ပြီးနောက် ရေစီးသန်သည့် မြစ်အတွင်း အသက်ရှင်ရေး ကူးခတ်ခဲ့ရသည်။

လှေနစ်မြုပ်ရာသို့ အမျိုးသားကယ်ဆယ်ရေးတပ်ဖွဲ့နှင့် သဘာဝဘေးကယ်ဆယ်ရေးတပ်ဖွဲ့များက ဖြစ်ပွားပြီး သုံးနာရီကျော်ကြာမြင့်မှ ရောက်ရှိကြောင်း ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly