ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှု စာရင်းထဲမှ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို ထုတ်ပယ်မထားတဲ့ နည်းပြ ကလော့ပ်

ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှု စာရင်းထဲမှ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို ထုတ်ပယ်မထားတဲ့ နည်းပြ ကလော့ပ်
Photo: EPA

နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၁၁ မှတ်အထိ ဖြတ်ထားပေမယ့် သူတို့ကို ဖလား စိန်ခေါ်မှု စာရင်းကနေ ထုတ်ပယ်မထားခဲ့ကြောင်း တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယသီဝက်မတိုင်ခင် တစ်ပွဲကစားဖို့ အလိုမှာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို ၄ မှတ်အသာ၊ ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ရာသီဝက်မှာ ထိပ်ဆုံးနေရာကနေ အဆုံးသတ်ဖို့ ဖြစ်သွားပါတယ်။

“ဘယ်သူမှ အမှတ်ပေးဖလားအတွက် အာမခံတယ်လို့ မခံစားသင့်သေးပါဘူး။” လို့ ကလော့ပ်က နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အဲဗာတန်နဲ့ စပါးတို့ရဲ့ ပွဲကို ကျနော် ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ပွဲအစမိနစ်တွေမှာ သူတို့ရဲ့ကစားပုံက အိုကေတာထက် လုံးဝပိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တော့တင်ဟမ်ဟာ လုပ်သမျှအရာအားလုံး တကယ့်အထင်ကြီးစရာဖြစ်ခဲ့ပြီး လုပ်ခဲ့တဲ့ အရာတွေဟာ တော်တော်များများ နှစ်သက်စရာပါပဲ။”လို့ ဂျာမန်လူမျိုးနည်းပြက စပါးအသင်းက အဲဗာတန်ကို ၆-၂ ဂိုးနဲ့ နိုင်တဲ့ပွဲကို ညွှန်းဆိုပြီး “အလားတူပုံစံ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့လည်း ဖြစ်လာနိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

“ကျနော့်အတွက် သူတို့ (တော့တင်ဟမ်)ဟာ ဘယ်တုန်းကမှ ဖလားပြိုင်ပွဲထဲကနေ ထွက်မသွားခဲ့ပါဘူး။ ဒါ့ကြောင့် သူတို့ ဖလားပြိုင်ပွဲထဲကို အခုပြန်ဝင်လာတာကို ဘယ်ကြောင့်လူတွေက အံအားသင့်ရမှာလဲ။”လို့ ကလော့ပ်က အမှတ်ပေးဖလားဆွတ်ခူးဖို့ အကြိုက်ဆုံးအသင်းအဖြစ် စပါးနည်းပြ ပိုချက်တီနိုရဲ့ လီဗာပူးလ်ကို ရွေးချယ်မှုအပေါ် တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ခင်ဗျားတို့ ပြောတဲ့ အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုမှာ အသင်းအများကြီးပါနေပါတယ်။ ဒါက ဖြစ်သင့်တဲ့ပုံပါပဲ။”လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ခရစ္စမတ်ကာလတွေမှာ ဇယားထိပ်ဆုံးရပ်တည်ခဲ့တဲ့ ၁၀ ကြိမ်မှာ ၈ ကြိမ်ထိ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

အဆိုပါဖလား ၂ ကြိမ်လွှဲချော်မှုကတော့ ၂၀၀၈-၀၉ နဲ့ ၂၀၁၃-၁၄ ရာသီဖြစ်ပြီး ပြိုင်ပွဲရာသီဝက်မှာ ကြိုးကြာနီတို့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီအကုန်မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly