နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း

24 December 2018
နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း

Artist Interview အစီအစဉ်ကတော့ အနုပညာရှင်တစ်ယောက်ချင်းဆီရဲ့ သူတို့ရဲ့ဘဝမှတ်တိုင်တွေ၊ အနုပညာလျှောက်လမ်းပေါ်က အမှတ်တရတွေကို တိုက်ရိုက်တွေ့ဆုံမေးမြန်း ပေးနေတဲ့ အစီအစဉ်ကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းမယ့်သူကတော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားပြီး အခုဆိုလို့ရှိရင် တစ်ကိုုယ်တော်  အယ်လ်ဘမ် ကို ပရိသတ်တွေရဲ့ လက်ထဲ ထည့်ပေးလိုက်တဲ့ တေးသံရှင် ဂျူဝဲလ် ပဲဖြစ်ပါတယ်။

မေး။ ။ အနုပညာလမ်းကြောင်း အစကို သွားမယ်ဆိုလို့ရှိရင် ညီမလေးရဲ့ အနုပညာလမ်းကြောင်း အစကကျတော့ အဆိုပြိုင်ပွဲတွေက စတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ ရတယ်ဗျ။ ကျွန်တော်က ငါးတန်းလောက်ကတည်းကတော့ ဆို၊က၊ရေး၊တီးတွေ ပြိုင်တာပေါ့နော်၊ ဆို၊က၊ရေး၊တီး  တွေပြိုင်တယ်၊ ပြီးရင် ကိုးတန်းဆယ်တန်းမှာ တစ်ချက်ပြန်နားတယ်၊ ပြန်နားပြီးတော့ တက္ကသိုလ်တက်တဲ့ အချိန်မှာလည်း Information မပြတ်ဘူးပေါ့နော်။ တက္ကသိုလ်တက်တော့လည်း အရင်ကတည်းက ပြိုင်နေတဲ့ သူတွေက ဘယ်ကျောင်းက ဘယ်သူ ဘယ်ရောက်သွားတယ်ဆိုတာ အကုန်လုံးက ရှိနေပြီးသားဆိုတော့၊ တက္ကသိုလ် ကိုယ်စားပြုလည်း ကျွန်တော် ပြိုင်ပေးခဲ့တယ်ပေါ့ နော်။ ဆိုတော့ ပြီးတော့လည်း ၂၀၁၀ မှာ ကျွန်တော် မြန်မာပြည်က လုပ်တဲ့ပွဲတွေ ပြိုင်ဖူးတယ်။ ၂၀၁၂ မှာ Melody World ပေါ့နော်။ ကျွန်တော် ပြိုင်ပွဲကနေပြီးတော့ပဲ တက်လာတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ဒါဆို ကိုယ်က ရန်ကုန်သူစစ်စစ် မဟုတ်တဲ့အခါကျတော့လေ ဒီအနုပညာတွေလုပ်ဖို့ လမ်းစ အခက်အခဲတွေ ဘာတွေရော ရှိခဲ့သေးလား။

ဖြေ။ ။ အခက်အခဲဆိုတာကတော့ အရမ်းကြီးတော့ မရှိခဲ့ဘူး၊ ဒါပေမယ့် ပြောမပလောက်တဲ့ အခက်အခဲလေးတွေတော့ ရှိတာပေါ့နော်။ အများကြီးတော့ ကြုံတော့ ကြုံခဲ့တာပေါ့၊ အတွေ့အကြုံ၊ အခက်အခဲ သင်ခန်းစာတွေတော့ ရတယ်။ ဒါပေမယ့် အခက်အခဲကတော့ ရန်ကုန်မှာ လာနေရတဲ့ အခက်အခဲပေါ့နော်။ ရန်ကုန်မှာ နေဖို့ထိုင်ဖို့ ကြိုးစားရတဲ့ အခက်အခဲလေးတွေလောက်ပဲ ရှိတာပါ။

မေး။ ။  ဒီ၂၀၁၂လောက်မှာ ဆိုလို့ရှိရင် Melody World က အရမ်းအရှိန်ကောင်းနေတဲ့ အဆိုပြိုင်ပွဲ တစ်ခုပေါ့နော်။ အဲ့ဒီ အဆိုပြိုင်ပွဲကနေပြီးတော့လည်း အဆိုတော်တွေ အများကြီးထွက်လာတာလည်း တွေ့ရတယ်။ ပြီးတော့ တကယ်ကို အရည်အချင်းရှိတဲ့ အဆိုတော်တွေ အများကြီး ပေါ်ထွန်းလာတယ် ပေါ့နော်။ အခုနောက်ပိုင်းမှာ ကျတော့ မြန်မာပြည်မှာ ခေတ်စားလာတာက franchise ယူထားတဲ့ အဆိုပြိုင်ပွဲတွေ။ အဲဒီတော့ ဒီအဆိုပြိုင်ပွဲတွေက အခု အဲဒီလိုမျိုး ပြည်တွင်းမှာ ကျင်းပတဲ့ အဆိုပြိုင်ပွဲ နဲ့ franchise ယူထားတဲ့ အဆိုပြိုင်ပွဲတွေရဲ့ ကွဲပြားခြားနားချက်ဆိုရင်ရော ဘယ်လိုမျိုးလေးတွေ တွေ့ရလဲ။

ဖြေ။ ။ အများကြီးတော့ ကျွန်တော်မပြောတတ်ဘူး၊ ဒါပေမယ့် ကိုယ်ထင်တာပေါ့နော်။ ပြိုင်ပွဲကတော့ ဘယ်ပြိုင်ပွဲမဆို သူရဲ့ အားသာချက်၊ အားနည်းချက်ရှိတာပေါ့နော်။ Melody World ဆိုရင်လည်း ခဏအတွင်းမှာ ၂၀၁၂ မှာ တကယ်တော့ အရှိန်က သူ့ fan လေးနဲ့သူတော့ ရှိနေဆဲပဲပေါ့နော်၊ ဒါပေမယ့် အဲ့ဒီလောက်ကြီး ထိထိရောက်ရောက်ကြီးတော့ မဟုတ်ဖြစ်ခဲ့လိုက်ဘူးပေါ့။ ဘာလို့လဲဆိုတော့ လူတွေလည်း ကြည့်တဲ့လူ နည်းသွားတဲ့ အပိုင်းမှာလည်း ရှိတာပေါ့နော်။ ၂၀၁၂ ဒီနောက်ပိုင်း။ ဒါပေမယ့် သူကိုတကယ်အားပေးတဲ့ Realy fan အစစ်တွေတော့ရှိခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပြိုင်ပွဲနဲ့ကျတော့ ဘာကွာသလဲဆိုတော့ ဒီနောက်ပိုင်းက ချန်နယ်တွေကလည်း အများကြီး ပေါ်လာတယ် ဆိုတော့ ရွေးချယ်စရာ လူတွေက အများကြီး ဖြစ်လာတယ်။ ဒါက သူတို့ရဲ့choice ပေါ်မှပဲ မူတည်တယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်ကတော့ အဲ့ဒီအမြင်ထက်ပေါ့နော်၊ ကျွန်တော်ဆိုလည်း ဒီပြိုင်ပွဲတွေကနေ တက်လာတာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေ အပေါ်မှာပဲ ကျွန်တော်က စိတ်ထားတတ်စေချင်တယ် အဲ့ဒါလေးပဲရှိတယ်ပေါ့နော်။ ကိုယ်ဆိုလည်း ပြိုင်ပွဲ ပြီးသွားတာက ကိုယ့်ရဲ့ ဘဝတွေပြီးသွားတာမဟုတ်ဘူးလေနော်။ ဆိုတော့ ဆက်ပြီးတော့ ဆက်ကြိုးစားပြီး ဆက်သွားရမယ့် အပိုင်းတွေက ကိုယ်ကိုယ်တိုင်ပဲ လုပ်ယူရမှာ ဖြစ်တဲ့အတွက် အဲဒီလိုမျိုးပဲမြင်တယ်။

မေး။ ။ အဲဒီတော့ ညီမလေး ပြိုင်ပွဲ ပြိုင်တုန်းက အတွေ့အကြုံတွေ၊ ပြီးတော့ အမှတ်တရတွေ ဆိုရင်ရော နည်းနည်းလောက် ပြန်ပြီးတော့ sharing  လုပ်ပေးပါဆိုရင်။

ဖြေ။ ။ အမှတ်တရကတော့ သီချင်းရွေးရတဲ့ အပိုင်းလေး ခက်ခဲတာတွေ၊ ပြီးတော့ သူငယ်ချင်းတွေက အများကြီး ကူညီခဲ့တာ ပြီးတော့ ကျွန်တော်က သီချင်းနားထောင်တဲ့အား နည်းနည်းလေး နည်းတယ် ပေါ့နော်။ ကိုယ်နားထောင်ထားသလောက်လေးပဲ သိတယ်ဆိုတော့ တစ်ခြားသူငယ်ချင်းတွေ သီချင်းများများ နားထောင်ဖူးတဲ့သူတွေက အကြံပေးရတယ်။ အဲဒီတုန်းက ဆရာ အေကေတီ ကလည်း ရှိသေးတယ်ပေါ့နော်။ ဆရာအေကေတီ ကလည်း အများကြီး အကြံပေးတယ်။ အဲဒီလိုအပိုင်းတွေရှိတယ်။ ပြီးတော့ မှတ်မှတ်ရရကတော့ အဲ့ဒီ Melody World ဖိုင်နယ်နေ့မှာပေါ့နော် ၊ နေမကောင်းဖြစ်တာပေါ့။ ချောင်းအရမ်းဆိုးနေတာ ဒါကလည်း ကိုယ်ဂရုမစိုက်မိတာပေါ့၊ အဲဒီနေ့က အရမ်းအေးတဲ့နေ့လည်း ဖြစ်နေတော့ ပြိုင်ပွဲဝင်တဲ့ သုံးမိနစ်လေးပဲ ကျွန်တော်ချောင်းမဆိုးတာ အဲဒီရှေ့ တောက်လျှောက် ချောင်းဆိုးနေတာ ချောင်းဆိုးပျောက်ဆေးလည်း ကုန်တော့မယ် ဆိုတော့ အဲဒီလိုမျိုးပေါ့ အဲ့ဒါလေးတော့ အမှတ်တရတွေ ဖြစ်ခဲ့တယ် ၊ ဒါပေမယ့် အကောင်းဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မေး။ ။ အဲဒီတော့ ဒါဟာ အခုနောက်ပိုင်းမှာလည်း ဒီအဆိုပြိုင်ပွဲတွေ ဆက်လက်တည်ရှိနေတဲ့ အတွက်ကြောင့်မို့လို့ ညီမလေးအနေနဲ့ ဆိုရင် ဒီအဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ကြမယ့်သူတွေကို ကိုယ့်ရဲ့   စိတ်ထားတတ်ဖို့အပြင် တစ်ခြား ဘယ်လိုအရာမျိုးလေးတွေက ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးပါ ဆိုရင်ရော။

ဖြေ။ ။ ခန္ဓာကိုယ် ကျန်းမာရေးပေါ့ အဓိကကတော့ ကိုယ်သာပြောပြီး ကိုယ်လည်းသိပ်မရှောင်ဘူး၊ မရှောင်ဘူးဆိုတော့ အဲဒီလောက်ကြီးလည်း မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် fix ဖြစ်နေလို့ရှိရင်တော့ ဘယ်အရာမဆို ရတယ်လေနော်။ ပြိုင်ပွဲမှ မဟုတ်ဘူးပေါ့နော်၊ တစ်ခြားအရာတွေပါ ကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ ထင်တယ်၊ အဲဒီတော့ ကျန်းမာရေးက အဓိကပေါ့ ကျွန်တော်အမြဲ ဖြေလို့ရှိရင် လည်း ကျန်းမာရေး ဂရုစိုက်ကြပါ ဖြေဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အတတ်နိုင်ဆုံးတော့ ဂရုစိုက်ပြီးတော့ သွားနေပါတယ်၊ နောက်ပိုင်းတော့လေ။ အဲဒီလိုမျိုး၊ အဓိကကတော့ ကျန်းမာရေးပဲ။

မေး။ ။ အဲဒီတော့ ငယ်ငယ်လေးကတည်းက ဂီတကို ဝါသနာပါတဲ့သူ တစ်ယောက်အနေနဲ့ ခုနပြောတဲ့ ငါးတန်းလောက်ကတည်းက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ပြိုင်တာဆိုတော့ ကိုယ့်ရဲ့ အိမ်မက်ကို လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ရတဲ့သူ တစ်ယောက်လား ဂျူဝဲလ်က။

ဖြေ။ ။ ဟုတ်တယ်ဗျ။

မေး။ ။ မိဘတွေရဲ့ ကန့်သတ်ချက်တွေ မရှိဘူးပေါ့။

ဖြေ။ ။ မရှိဘူး။ သူတို့လည်း သူတို့တတ်နိုင်တဲ့ဖက်ကနေပြီးတော့ ပံ့ပိုးကူညီပေးကြတယ်။

မေး။ ။ အဲဒီတော့ အခုနောက်ပိုင်းမှာ ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုတွေတော့ ရှိလာပြီ၊ ခုနပြောသလို သားသမီးနဲ့ မိဘကြားမှာပေါ့နော်။ ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်လေးတွေကို အကောင်အထည်ဖော်ခွင့် ပေးခဲ့တဲ့ မိဘတွေလည်း အများရှိသလို၊ သူတို့ရဲ့ ဘောင်ထဲမှာ ဥပမာ သူတို့ဆရာဝန်ဖြစ်လို့ ဆရာဝန်ဖြစ်ရမယ် ဆိုတာမျိုး၊ ဒီလိုမျိုးဘောင်ထဲမှာ နေရတဲ့သူတွေလည်း ရှိတယ်ဆိုတော့ သားသမီးနဲ့ မိဘဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးလေးတွေ အကြံပေးချင်လဲ။

ဖြေ။ ။ သူများကို အကြံပေးတာထက် ကျွန်တော်ကိုယ် ကျွန်တော်ပြောပြရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ အဲဒီလိုပေါ့။ အမေနဲ့ အဖေကလည်း အေးတယ်ပေါ့နော်။ အေးအေးဆေးဆေးပဲ နေတတ်တဲ့သူတွေဆိုတော့ ကျွန်တော်လည်း ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သူတို့ယုံကြည်မှု ရှိအောင် အရင်ဆုံး ယုံကြည်မှုကို တည်ဆောက်တယ်ပေါ့နော်။ တည်ဆောက်ပြီးတော့ ကျွန်တော်ဆိုရင် ငါးတန်းကတည်းကပဲ အမေကလည်း ဆရာမဆိုတော့ သူက လိုက်ပေးတယ်ပေါ့ နော်။ လိုက်ပေးပြီးတော့ နောက်ပိုင်းတော့ သူတို့တာဝန်ယူရတဲ့ ဒီကျောင်းမှာလည်း သူတို့ရှိတယ် ကျွန်တော့်နောက်မှာလည်း အမြဲတမ်း လိုက်လို့မရဘူးဆိုတော့ အဲဒီကတည်းက ခြောက်တန်းလောက် မှာကတည်းက ကျွန်တော်က ကိုယ့်ဟာကိုယ်ပဲ သွားတယ်ပေါ့နော်။ ဆရာတွေနဲ့ သွားတယ်၊ အဲဒီလို နေထိုင်တယ် ဆိုတော့၊ ကောင်းတဲ့ဟာတွေပဲ သင်ယူတယ်ပေါ့နော်။ ပြီးတော့ ကိုယ့်ရဲ့ ဒါကတော့ ချီးကျူးတာလို့လည်း မဟုတ်ဘူး ၊ ဒါပေမယ့် ကိုယ့် ဉာဉ် ကလည်း ကောင်းတယ်ပေါ့နော်၊ ပြီးတော့လည်း ကိုယ့်ဘေးနားက ပတ်ဝန်းကျင်ကလူတွေကလည်း ကောင်းလို့လည်းပါတယ်ပေါ့။ ဆိုတော့ မှန်မှန်ကန်ကန် နည်းလမ်းတွေကိုပဲ ကျွန်တော်က သင်ယူခဲ့နိုင်တယ်ပေါ့နော်။ အဲဒီကတည်းက ကျွန်တော် တစ်ယောက်တည်းသွားတယ်၊လာတယ်၊ သင်ယူတယ် ဆိုတော့ အဲဒီအတွက်ကြောင့် အဖေနဲ့ အမေတို့ကလည်း   ယုံကြည်တယ်ပေါ့နော်။ သူ့တို့ သားသမီးကို ယုံကြည်တယ်။ ဆိုတော့ အဓိကကတော့ အဲဒီလိုပေါ့ သားသမီးနဲ့ မိဘတွေကြားမှာ ယုံကြည်မှု ရှိနေလို့ရှိရင် အကုန်လုံး အဆင်ပြေသွားမယ်လို့ ထင်တယ်ပေါ့နော်။

မေး။ ။ နောက်တစ်ခုကတော့ အိမ်နဲ့ခွဲနေရတဲ့ အပိုင်းလေးတွေ ရှိတဲ့အခါကျတော့ရော ကိုယ့်အိမ်နဲ့ ခွဲနေရတဲ့ အကျင့်ကကျတော့ ဘယ်အရွယ်လောက်တည်းက စပြီးတော့ရှိတာလဲ၊ ဒီလိုမျိုး ရန်ကုန်မှာ ခွဲပြီးတော့ လာနေရမယ် ဆိုတော့ ကိုယ့်အတွက် တကယ်ကြီးကြီးမားမား တွေ့ကြုံရတဲ့ အခက်အခဲ တွေဆိုရင် ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကျွန်တော် အရင်တုန်းက မန္တလေးမှာပဲ နေတော့ မန္တလေးနဲ့ မေမြို့ဆိုတာ ခဏလေးသွားရင် ရောက်တယ်ပေါ့နော်။ ဆိုတော့ ငယ်ငယ်တုန်းကကျတော့ ခြောက်တန်းနှစ်ကပေါ့။ ခြောက်တန်းနှစ် လောက်ကနေ စပြီးတော့ ခွဲသွားတယ်၊ ငါးတန်းနှစ်မှာပဲ ကျွန်တော်တော်တော်ကြီး ငိုလိုက်သေးတယ်။ အဲဒီတုန်းက ကိုယ်ကခုမှ စခွဲဖူးတာဆိုတော့ ပြီးတော့ နောက်နှစ်တွေမှာတော့ အဆင်ပြေသွားတယ် ပေါ့နော်။ ပြေသွားပြီးတော့ ပျော်အောင်နေတတ်လာတယ်၊ ပြီးတော့ ၂၀၁၂ မှာ ကျွန်တော် Melody world လည်း ပြိုင်တော့မယ် ဆိုတော့ ဂီတမိတ်ကလည်း ကျွန်တော့်ကို scholarship ပေးတယ်ပေါ့ နော်။ ဒါပေမယ့် လာဖို့အတွက်ကို ဆုံးဖြတ်ချက်ချတာလည်း တော်တော်ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အရင် ၂၀၁၀ လောက်ကတည်းက အရင် မန္တလေး ဂီတမိတ်က ကျွန်တော့်ကို ပြောတယ်၊ ရန်ကုန် ဂီတမိတ် scholar ပေးတယ် သွားတော့ပေါ့နော်။ သွားမလား ဆိုတော့ ကျွန်တော် မသွားဖြစ်သေးဘူး၊ အိမ်နဲ့လည်း မခွဲနိုင်တာလည်း ပါတယ်၊ ပြီးတော့ သိပ်လည်း ကိုယ်ရင်းနှီးတဲ့ ပတ်ဝန်းကျင်မဟုတ်တော့လေ ဘယ်လိုဘယ်လိုတွေ ကြုံရမလဲဆိုတာ ကိုယ်က ရင်ခုန်နေရတယ်။ ဆိုတော့ မသွားဖြစ်ဘူး။ ဒါပေမယ့် ၂၀၁၂ မှာတော့ အလုပ်က နှစ်ခုသုံးခုဖြစ်လာတဲ့ အချိန်ကျတော့ ကိုယ်စွန့်စားမှ ရမယ့်အနေအထားဖြစ်လာတယ်ပေါ့။ အဲဒါကြောင့် ၂၀၁၂၊ ၈ လပိုင်းမှာ ဒီရန်ကုန်ကို ရောက်လာတာ။

မေး။ ။ ကျွန်တော်တို့ ရန်ကုန်မှာ ဆိုလို့ရှိရင် ခုနပြောတဲ့ နေရထိုင်ရတာလည်း၊ ရာသီဥတုလည်း မတူဘူး ပြင်ဦးလွင်ဆိုလည်း ရာသီဥတုက အရမ်းအေးတယ်လေ၊ အေးအေးချမ်းချမ်းလေးနဲ့ နေလို့ကောင်းတယ်၊ ဒီမှာကျတော့ အပူပိုင်းဘက်ကို ရန်ကုန်မှာဆိုတော့ ပိုသွားတယ်။ နောက် အစားအသောက်ပိုင်းရော၊ ပြီးတော့ နောက် transportation ပေါ့။ အသား၊ ကြက်သားတို့ ဘာတို့ အဲဒီလိုမျိုးလေးတွေလည်း ရှိတဲ့အခါကျတော့ အဲဒီထဲက မှတ်မှတ်ရရ တစ်ခုလောက် ဆွဲထုတ်ပြပါဆိုရင်ရော။

ဖြေ။ ။ မှတ်မှတ်ရရက၊ ဘယ်လိုဖြစ်လဲ ဆိုတော့ ဒီမှာ ကျွန်တော့် အစ်ကိုနဲ့ အစ်မလို ခင်ရတဲ့ အစ်ကိုတွေ  က သူတို့က ရန်ကုန် ဂီတမိတ်ကို ရောက်ပြီးသားဆိုတော့ သူတို့နဲ့ပဲ ကျွန်တော် အရင်ပေါင်းနေတယ် ပေါ့နော်။ တိုက်ခန်းလေး ငှါးပြီးတော့ နေတယ်။ အရင်ကတော့ တာမွေမှာ နေတာပေါ့နော်။ ကျောင်းသွားတဲ့အချိန်မှာ ၃၃ လားစီးရတယ်ပေါ့နော်။  မှတ်မှတ်ရရပေါ့ တစ်ခါမှလည်း အဲဒီလိုမစီးဖူးဘူးလေနော်၊ ပြီးတော့ အဲဒီတုန်းက တက္ကစီဘာညာဆိုတာလည်း ဈေးကြီးတယ်လေ၊ ဆိုတော့ အဲဒီလိုမျိုးလေးတွေ မီအောင်သွားစီးတာတို့   ကားမမီလို့ ပြေးလိုက်ရတာမျိုးလေးတွေတော့ အမှတ်တရလေးတော့ ရှိတယ်။ ဆိုတော့ အများကြီးပါပဲ။

မေး။ ။ အဲဒီတော့ အိမ်ကို လွမ်းလို့ဆိုရင်ရော ကိုယ်ဖုန်းဆက်တာအပြင် ဘာတွေလုပ်လည်း။

ဖြေ။ ။ ဖုန်းပဲဆက်ဖြစ်တယ်၊ ပြီးတော့ အမေတို့က ရန်ကုန်ကျတော့လည်း တစ်ခါတလေမှ အမြဲတမ်းမလာဖြစ်ဘူး၊ ပြီးတော့ ရန်ကုန်ကျတော့လည်း   ပြောသလို နည်းနည်း ရာသီဥတုနဲ့ လူကြီးတွေဆိုတော့ မေမြို့က သူတို့အတွက် ပိုနေလို့ကောင်းတယ်ပေါ့နော်။ ဆိုတော့ ရန်ကုန်ကို တစ်ခါတစ်လေမှပဲ ရောက်ဖြစ်တယ်။ ကျွန်တော်ကတော့ ဖုန်းနဲ့ပဲ ပြောဖြစ်ပါတယ်။ ကြာလာတော့ အခုနောက်ပို်င်းတော့ အမေတို့ပြောထားတယ် Video Call လေးတွေပေါ့နော်။ အဲ့ဒါလေးတွေတော့ သူတို့ပြောတယ်။

မေး။ ။ ဒါဆိုရင် အိမ်ရဲ့ မိသားစုထဲမှာ ကိုယ်တစ်ယောက်ကပဲ အနုပညာကို ဝါသနာပါတဲ့သူလား၊ ဒါမှမဟုတ် တစ်ခြားဝါသနာပါတဲ့သူ ရှိသေးလား၊ အနုပညာမျိုးရိုးရော ရှိလား။

ဖြေ။ ။ မျိုးရိုးတော့မရှိဘူး။ ကျွန်တော်ကတစ်ယောက်ထဲ ဆိုတော့လေ တစ်ဦးတည်းသောသမီး ဆိုတော့ ကျွန်တော် တစ်ယောက်ပဲ၊ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ အဖေတို့ ဆိုတာတော့ကြားဖူးတယ်။ ဒါပေမယ့် အဖေဆိုတာတော့ သီချင်းတွေ ခုကိုယ်နားလည်တဲ့အချိန်မှာတော့ အဖေကတော့  မကောင်းဘူးပေါ့နော်။ အမေကတော့ ဆိုတတ်တယ်။ အမေက အဆိုတော်တော့ မဟုတ်ဘူးပေါ့နော်၊ နည်းနည်းတော့ သူလည်း ဝါသနာပါပုံရပါတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်တို့က သာမန်မိသားစုပဲဆိုတော့။

မေး။ ။ အဲဒီတော့ တစ်ဦးတည်းသော သားသမီးဖြစ်ရတဲ့ ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်တွေ ဆိုရင်ရော။

ဖြေ။ ။ ကျွန်တော့်ကတော့ လိုတော့လိုချင်တာပေါ့နော်၊ ဒါပေမယ့်လည်း ကျွန်တော်က အဖော်မက် တယ်။ ပြီးတော့ ခင်လည်းခင်တတ်တယ်။ ကိုယ့်စိတ်ထဲမှာ အမြဲတမ်းရှိတယ်၊ ဒါပေမယ့် အမြဲတမ်း အပူအပင်ကြီးတော့ သူငယ်ချင်း ဘာညာအဲဒီလိုတော့ မဟုတ်ဘူး။ စိတ်ထဲမှာ ကိုယ်ခင်တယ် ဆိုတာမျိုးလေးလောက်ပဲရှိတာ။ ဆိုတော့ နေတတ်ပါတယ်။ ကျွန်တော့ခံယူချက်ကတော့ အဲဒီလောက်၊ မထူးခြားဘူးပေါ့ တစ်ယောက်တည်းနဲ့လည်း၊ အေးအေးဆေးဆေးသမားဖြစ်လို့လည်း ပါမယ်ထင်တယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly