ခန္တီးတွင် လေယာဉ် အပိုင်းအစတစ်ခု ထပ်မံတွေ့ရှိ

ခန္တီးတွင် လေယာဉ် အပိုင်းအစတစ်ခု ထပ်မံတွေ့ရှိ

 ခန္တီး ၊ဒီဇင်ဘာ ၂၃ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ချင်းတွင်းဒေသ၊ ခန္တီးမြို့တွင် လေယာဉ်အပိုင်းအစတစ်ခုဟု ယူဆရသည့် အရာဝတ္ထုတစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၂၂ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့သည့် အပိုင်းအစ၏ဆက်စပ်ပစ္စည်းဟု ယူဆရသသည့် ၂ ပေခန့်ရှိသော အပိုင်းအစတစ်ခုကို ပေါမိုင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အဝိုင်းအနီးရှိ ဆီဆိုင်တစ်ခုရှေ့တွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

" ကျတာတော့ ဘယ်အချိန်ကျတာလဲ မသိဘူး။ မနေ့ကဟာနဲ့ အတူတူကျလာတာလဲ ဖြစ်နိုင်တယ်။ မနက်က ကလေးတွေဆိုင်ဖွင့်တော့လဲ မတွေ့ကြဘူး။ မနေ့ညက စာရင်းမလုပ်လိုက်ရလို့ ဆိုင်ကိုစာရင်းသွားလုပ်တဲ့အချိန်မှာ ဆိုင်ကိုပတ်ကြည့်ရင်းတွေ့တာပါ။ အဲ့ဒီနားမှာက ရေမြောင်းလုပ်နေတော့ ပန်းရံသမားတွေလဲရှိတယ်။ သူတို့လည်း သတိမထားမိကြဘူး " ဟု အပိုင်းအစတွေ့ရှိခဲ့သည့် ဆီဆိုင်ပိုင်ရှင်မှ မဇ္ဈိမသို့ ပြောသည်။

တွေ့ရှိခဲ့သည့် အပိုင်းအစများနှင့် ပတ်သက်၍ မည်သည့်အရာဖြစ်သည်ကို သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ကြေ
ညာခြင်း မရှိသေးပဲ ယင်းအပိုင်းအစများကို ခန္တီးစစ်ဗျူးဟာတွင်ထားရှိကြောင်း သိရသည်။

ကောင်းကင်မှ မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံကဲ့သို့သော အသံများကို ကျယ်လောင်စွာ ကြားရပြီးနောက် ပြုတ်ကျလာသည့် အရာဝတ္ထုများနှင့် ပတ်သက်၍ မည်သည့်အရာဖြစ်သည့်ကို ဒေသခံများသိချင်နေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း
သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly