၂၀၁၉ ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲအား ဇန်နဝါရီ ၆ ရက်တွင် ကျင်းပမည်

၂၀၁၉ ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲအား ဇန်နဝါရီ ၆ ရက်တွင် ကျင်းပမည်
Photos: MNL

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၉ ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက် အောင်ဆန်းကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ချာရတီဖလားပြိုင်ပွဲသည် အမှတ်ပေး ချန်ပီယံအသင်းနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရတာဖြစ်ပေမယ့်လည်း ရန်ကုန်အသင်းက ၂၀၁၈ ရာသီက ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် အမှတ်ပေးပြိုင်ပွဲ ဒုတိယ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို အောင်ဆန်းကွင်းမှာ ညနေ ၃း၃၀ အချိန်မှာ ကျင်းပသွားမှာဖြစ်ပြီး အထူးတန်း ၂၀၀၀ ကျပ်နဲ့ ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားကာ ဖျော်ဖြေရေး အစီအစဉ်များပါ ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်အသင်းနှင့် ရှမ်းအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲမှ ရရှိတဲ့ ကွင်းဝင်ကြေးများအား နှစ်စဉ်ပြုလုပ်နေကျအတိုင်း ပရဟိတကျောင်းများသို့ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

Ref; MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly