သိုသိုသိပ်သိပ် တွဲခဲ့တဲ့ ရည်းစားများ ရှိခဲ့တယ်လို့ ပြောလာခဲဲ့တဲ့ ရိန်းဘိုးအဖွဲ့ဝင် ကင်ဂျာခေါမ်

သိုသိုသိပ်သိပ် တွဲခဲ့တဲ့ ရည်းစားများ ရှိခဲ့တယ်လို့ ပြောလာခဲဲ့တဲ့ ရိန်းဘိုးအဖွဲ့ဝင် ကင်ဂျာခေါမ်

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Rainbow အဖွဲ့ဝင် ကင်ဂျာခေါမ်က သိုသိုသိပ် သိပ် တွဲခဲ့သည့် ရည်စားများ ရှိကြောင်း ဝန်ခံ ပြောကြားသည်။ မကြာသေးမီက Newsen မီဒီယာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ကင်ဂျာ ခေါမ်ကို တွဲနေတဲ့ ယောကျ်ားလေး ရှိလားလို့ မေးမြန်းခဲ့ရာ ကင်က “ ကျွန်မက ရည်းစားထားရင် အမြဲတမ်း သိုသိုသိပ်သိပ် ထားတတ်တယ်။ ဒါပေမဲ့ အခုလက်ရှိ အချိန်မှာတော့ ကျွန်မမှာ ရည်းစား တစ်ယောက်မှ မရှိဘူး”ဟု ဖြေကြားခဲ့သည်။

“ကျွန်မက အချစ်ရေးနဲ့ ပတ်သက်လို့ တစ်ခါမှ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့တာ မရှိ ဘူး။ ကျွန်မတို့ အနုပညာရှင်တွေဟာ ကျွန်မတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားတဲ့ အခါ ကျွန်မတို့ အချစ်ရေးဟာ လူအများအပြားရဲ့ ပြောစရာ အကြောင်းအရာ ဖြစ်လာတယ်။ ကျွန်မက အဲလိုမျိုးကို မကြိုက်ပါဘူး” ဟု ကင်ဂျာခေါမ်က ပြောသည်။

ထို့နောက်  ကင်က ၎င်းစိတ်ကူးထားသော ချစ်သူပုံစံမျိုးကို ပြောကြားသည်။ “ကျွန်မက စကားပြောကောင်းပြီး အတွေးအခေါ်ရှိတဲ့ သူမျိုးကို သဘောကျတယ်။ သူကိုယ်သူ ချစ်တတ်တဲ့ သူမျိုးကို သဘောကျ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်သူ ချစ်တတ်မှ သူတစ်ပါးကိုလည်း ချစ်တတ်မှာ ဖြစ်တယ်” ဟု ကင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags