မင်းဘူးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မင်းဘူးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မကွေး၊ဒီဇင်ဘာ ၂၂ ။               ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့အမှတ်(၂)ရပ်ကွက် ကျောက်တံခါးရပ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုတစ်ခု ဒီဇင်ဘာလ ၂၁ရက် ည ၆နာရီ ၄ဝမိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ပြည်စုံဝင်း(၃၃)နှစ်သည် နေအိမ်ခြံဝင်းအတွင်းရှိ နေအိမ်နှင့်(၁၅)ပေခန့်အကွာတွင်ရှိသော ကန္တရသစ်ပင်ကိုင်းတွင်အရှည်(၁၅)ပေခန့်ရှိသော 3029 လျှပ်စစ်ဝါယာကြိုးအဖြူအားခေါက်လျက် ကွင်းလျောပြုလုပ်ကာ ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်သည်။

"အရက်အလွန်အကျွံသောက်စားတတ်သူလို့သိရတယ်။ကြိုးဆွဲချသေဆုံးနေတာကို အခင်းဖြစ်တဲ့နေ့ ညနေ(၆)နာရီလောက်အချိန်မှာ သူ့ရဲ့ညီမဖြစ်သူမသိဂီင်္ဝင်းလျှံကစျေးရောင်းပြီး နေအိမ်ကိုပြန်လာတယ်။ နောက်(၆)နာရီ(၄၀)အချိန်မှာရေချိုးဖို့ နေအိမ်အောက်ကိုဆင်းလာမှ အကိုဖြစ်သူကြိုးဆွဲချသေဆုံးနေတာကိုတွေ့ရှိခဲ့ရတာပါ” ဟု မင်းဘူးမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည့်စုံဝင်း၏ ကြိုးဆွဲချသေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရေး အတွက်မင်းဘူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၁၀/၂၀၁၈ဖြင့်အမှုရေးဖွင့်ထားပြီး မင်းဘူး မြို့မစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly