ကြည်း၊ ရေ၊ လေ၊ ယူနီဖောင်းများ အသစ်ပြဋ္ဌာန်း

ကြည်း၊ ရေ၊ လေ၊ ယူနီဖောင်းများ အသစ်ပြဋ္ဌာန်း
အသစ်ပြောင်းမည့် တပ်မတော် ယူနီဖောင်းများအနက်မှ ကြည်း၊ ရေး၊ လေ ဝတ်စုံ တစ်စုံကို တွေ့ရစဉ်။

လက်ရှိအသုံးပြုနေသည့် တပ်မတော် ကြည်း၊ ရေ၊ လေ၊ ယူနီဖောင်းများကို အသစ်ပြဋ္ဌာန်း လိုက်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ထံမှ သိရသည်။

မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိနှင့် အခြားအဆင့် (အမျိုးသား/အမျိုးသမီး) များ၏ လက်ရှိ စစ်ဝတ်စုံများကို နိုင်ငံတကာတပ်မတော်များ၏ ဝတ်စုံများနှင့်အညီ ဖြစ်စေရေး၊ တပ်မ တော်သားများ၏ စိတ်ဓာတ် ပိုမို မြင့်မား တက်ကြွလာစေရေးနှင့် ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီထွေစွာ ဝတ်ဆင်နိုင်ရေးတို့အတွက် အသစ်ပြဋ္ဌာန်းလိုက်သည်ဟု ဆိုသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ဝတ်စုံများကို သတ်မှတ်ရက်များအလိုက် ၂၀၁၅ အောက်တိုဘာ ၁ ရက်မှစ၍ တပ်မတော်တစ်ရပ်လုံး ပြောင်းလဲ ဝတ်ဆင်ကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရန် ကျန်ရှိနေ သေးသော စစ်ဝတ်စုံများကိုလည်း ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly