ဖီဖာရဲ့ နှစ်ကုန် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံအသင်း ထိပ်ဆုံးမှာ ရပ်တည်၊ ပြင်သစ် အဆင့် ၂ နေရာနဲ့ ပိတ်သိမ်း

ဖီဖာရဲ့ နှစ်ကုန် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံအသင်း ထိပ်ဆုံးမှာ ရပ်တည်၊ ပြင်သစ် အဆင့် ၂ နေရာနဲ့ ပိတ်သိမ်း
Photo: EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းရဲ့အထက် ၁ မှတ်တည်းအသာနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ သင်းထဲမှာ ဘရာဇီး၊ ခရိုအေးရှား၊ အင်္ဂလန်၊ ပေါ်တူဂီအသင်းတို့အသီးသီး အစဉ်လိုက်ရပ်တည်နေပါတယ်။

ပြင်သစ်အသင်းဟာ ၂၀၁၇ ဒီဇင်ဘာနောက်ပိုင်း ၁၆၅ မှတ်နဲ့ အမှတ်အများဆုံး စုဆောင်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်မှာ ဥရုဂွေး (၁၅၁ မှတ်)နဲ့  ကိုဆိုဗို (၁၃၃ မှတ်)အသင်းတို့က အများဆုံးရရှိခဲ့ပါတယ်။

အဲဒီကာလအတွင်း ပြင်သစ်အသင်းဟာ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ထိပ်ဆုံး (၁၀)သင်းရဲ့ ပြင်ပကို ရောက်သွားခဲ့တဲ့ နာမည်ကြီးအသင်းတွေကတော့ အာဂျင်တီးနား (အဆင့် ၁၁)၊ ဂျာမနီ (အဆင့် ၁၆)နဲ့ အီတလီ (အဆင့် ၁၈)တို့ပဲ ဖြစ်ပါတယ်။

အာရှဖက်မှာဆိုရင် ထိပ်ဆုံးအသင်း (၅၀) နေရာမှာ အီရန် (အဆင့် ၂၉)၊ သြစတေးလျ (အဆင့် ၄၁)၊ ဂျပန် (အဆင့် ၅၀) တို့မှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းပါဝင်တဲ့ အရှေ့တောင်အာရှမှာတော့ ဗီယက်နမ်က (အဆင့် ၁၀၀)၊ ဖိလစ်ပိုင် (အဆင့် ၁၁၆)၊ ထိုင်း (အဆင့် ၁၁၈)တို့က ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်ပြီး မြန်မာအသင်းကတော့ အဆင့် ၁၃၉ နဲ့ ၄ နေရာမှာ ရှိနေပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း

၁။ ဘယ်လ်ဂျီယံ - ရမှတ် ၁,၇၂၇
၂။ ပြင်သစ် - ရမှတ် ၁,၇၂၆
၃။ ဘရာဇီး - ရမှတ် ၁,၆၇၆
၄။ ခရိုအေးရှား - ရမှတ် ၁,၆၃၄
၅။ အင်္ဂလန် - ရမှတ် ၁,၆၃၁
၆။ ပေါ်တူဂီ - ရမှတ် ၁,၆၁၄
၇။ ဥရုဂွေး - ရမှတ် ၁,၆၀၉
၈။ ဆွစ်ဇလန် - ရမှတ် ၁,၅၉၉
၉။ စပိန် - ရမှတ် ၁,၅၉၁
၁၀။ ဒိန်းမတ် - ရမှတ် ၁,၅၈၉

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly