ဖယောင်းတိုင်မီးမှတဆင့် လူနေအိမ် ၃ လုံး မီးလောင်မှု ဖားကန့်၊ လုံးခင်းကျေးရွာ၌ ဖြစ်ပွား

ဖယောင်းတိုင်မီးမှတဆင့် လူနေအိမ် ၃ လုံး မီးလောင်မှု ဖားကန့်၊ လုံးခင်းကျေးရွာ၌ ဖြစ်ပွား

ဖားကန့်၊ ဒီဇင်ဘာ ၂၀ ။     ။ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၌ စာကျက်ရန် မီးထွန်းထားသည့် ဖယောင်းတိုင်မီးလဲကျရာမှ စောင်ကို မီးစွဲလောင်ကာ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်၊ ည ၉ နာရီ ၅၀ မိနစ်ခန့်မှ စတင်၍  နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မိုးကောင်းမီးသတ်စခန်းမှ သိရသည်။

လုံခင်းကျေးရွာ ရပ်ကွက်(၂)မှ အိမ်အမှတ် (၂/၄၂) အိမ်ရှင်ဒေါ်အဲ(ခ)ဒေါ်နှင်းရီ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂၇ ပေ× ၁၈ပေ (၂)ထပ် လူနေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့ပြီး ၄င်းရပ်ကွက်ရှိ အိမ်အမှတ်(၂/၄၁)နှင့်(၂/၄၃)၏သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်များ ဆက်လက်လောင်ကျွမ်းခဲ့သည်။

ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇော်ဝင်းနှင့် လုံးခင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းစံထွန်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မှောဆီစာ၊ သာယာကုန်း၊ ဆန်ခါ၊ မရှီကထောင်၊ မှော်ဝမ်း၊ နမ္မဖြစ်အရန်မီးသတ်များမှတပ်ဖွဲဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊  ဝိုင်းဝန်းကူညီမီးငြိမ်းသတ်မှုကြောင့် ည(၁၀)နာရီခွဲခန့်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့်အိမ်ရှင် ဒေါ်နှင်းရီ(၄၅)နှစ်အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly