၁၂ နှစ်​အရွယ်​ မိန်​းက​လေးအား အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးကို ​ထောင်​ဒဏ်​ နှစ်​ ၂ဝ စီချမှတ်​

၁၂ နှစ်​အရွယ်​ မိန်​းက​လေးအား အဓမ္မပြုကျင့်ခဲ့သူ ၂ ဦးကို ​ထောင်​ဒဏ်​ နှစ်​ ၂ဝ စီချမှတ်​

ရန်​ကုန်​၊ ဒီဇင်​ဘာလ ၁၈ ။  ။ အသက်​ ၁၂ နှစ်​အရွယ်​ မိန်​းက​လေးအား အဓမ္မပြုကျင့်ခဲ့သူ အသက်​ ၁၉ နှစ်​အရွယ်​ ဟန်​လင်​း​အောင်​(ခ)အီကြာ​ကွေးနှင်​့ အသက်​ ၂၇ နှစ်​အရွယ်​ ပြည်​့စုံတို့ ၂ ဦးကို ​ထောင်​ဒဏ်​ နှစ်​ ၂ဝ စီကျခံ​စေရန်​ ရန်​ကုန်​အ​ရှေ့ပိုင်​းခရိုင်​တရားရုံးမှ အပြီးသတ်​အမိန်႔ချမှတ်​လိုက်​သည်​။

အမှုအား စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ ပြစ်​မှုကျူးလွန်​ခဲ့​ကြောင်​း ထင်​ရှားသဖြင်​့ တရားခံ ဟန်​လင်​း​အောင်​(ခ)အီကြာ​ကွေးကို ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ- ၃၆၃ အရ ​ထောင်​ဒဏ်​ ၃ နှစ်​၊ ပုဒ်​မ- ၃၇၆ အရ ​ထောင်​ဒဏ်​ နှစ်​ ၂ဝ တို့အား တစ်​​ပေါင်​းတည်​းကျခံ​စေရန်​ အမှုစစ်​တရားသူကြီးက အမိန်​့ချမှတ်​ခဲ့သည်​။

ပြစ်ဒဏ်ကို တစ်​​ပေါင်​းတည်​း ကျခံ​စေရန်​အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​သည်​့အတွက်​ တရားခံ ဟန်​လင်​း​အောင်​မှာ အမှု ၂ မှု​ပေါင်​း ​ထောင်​ဒဏ်​ နှစ်​ ၂ဝ ကျခံရမည်​ဖြစ်​သည်​။

အလားတူ တရားခံ ပြည်​့စုံ​ကိုလည်​း ပြစ်မှုကျူးလွန်​ခဲ့​ကြောင်​း ထင်​ရှားသဖြင်​့​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၃၇၆ အရ ​ထောင်​ဒဏ်​ နှစ်​ ၂ဝ ကျခံ​စေရန်​ တရားသူကြီးက အပြီးသတ်​အမိန်​့ချမှတ်​လိုက်​သည်​။

အမှုဖြစ်​စဉ်​မှာ ပြီးခဲ့သည်​့ ၂ဝ၁၈ ခုနှစ်​၊ သြဂုတ်​လ ၃ ရက်​​နေ့က အသက်​ ၁၂ အရွယ်​မိန်​းက​လေးငယ်​နှင့် ​မိခင်​ဖြစ်​သူတို့ မြို့ထဲတွင်​ ​ဘေထုပ်ရောင်​းရန်​ထွက်​လာခဲ့ပြီး​နောက်​ မိခင်​ဖြစ်​သူက အ​နော်​ရထားလမ်​း​ပေါ်ရှိ သတင်​းစာ​ရောင်​း​နေသည်​့ ဖခင်​ဖြစ်​သူထံတွင်​ သမီးဖြစ်​သူကို ထားခဲ့​ကြောင်​း၊ အလုပ်​သိမ်​းပြီး အိမ်​ပြန်​လာချိန်​တွင်​ သမီးဖြစ်​သူ ပြန်​ပါမလာသဖြင်​့ လိုက်​လံရှာ​ဖွေခဲ့ကြ​ကြောင်​း ရဲမှတ်​တမ်​းအရ သိရသည်​။

ထိုသို့ မိဘဖြစ်​သူတို့က ရှာ​ဖွေခဲ့ကြရာ ​အသက်​ ၁၂ အရွယ်​မိန်​းက​လေး ​ပျောက်​ဆုံးအပြီး တပတ်​အကြာ သြဂုတ်​လ ၁ဝ ရက်​​နေ့တွင်​  ​​ဒဂုံဆိပ်​ကမ်​းမြို့နယ်​ ၆ဝ ရပ်​ကွက်၊ ပဲခူးမြစ်​လမ်​းသွယ်​ ရှိ​နေအိမ်​တစ်​အိမ်​တွင်​ ​ရောက်​ရှိ​နေ​သည်ဟု မိန်​းက​လေးငယ်​ကိုယ်တိုင်​ဖုန်​းဆက်​လာခဲ့​ကြောင်​း သိရသည်​။

ထို့​ကြောင်​့ မိဘဖြစ်​သူများက သမီးဖြစ်​သူထံ သွား​ရောက်​စုံစမ်​း​မေးမြန်​းခဲ့ရာ သြဂုတ်​လ ၃ ရက်​​နေ့တွင်​ ဟန်​လင်​း​အောင်​က ၎င်း​နေထိုင်​ရာ အိမ်​သို့​ခေါ်​ဆောင်​ပြီး အဓမ္မပြုကျင့်ခဲ့​ကြောင်​း ရဲမှတ်​တမ်​းအရ သိရသည်​။

ဟန်​လင်​း​အောင်​က မ်ိန်​းက​လေးကို ​နေအိမ်​သို့ပြန်​ပို့ခဲ့​သော်​လည်​း မိန်​းက​လေးက မိဘအိမ်​သို့မပြန်​ရဲသဖြင့် ​ဟန်​လင်​း​အောင်​​နေအိမ်​သို့ ပြန်​လိုက်​သွားကာ အတူ​နေထိုင်​စဉ်​ ဟန်​လင်​း​အောင်​၏ သူငယ်​ချင်​းဖြစ်​သူ ဗဟန်​းမြို့နယ်​၊ ၅ ရပ်​ကွက်​တွင်​​နေထိုင်​သည်​့ ပြည်​့စုံ​ဆိုသူ ​ရောက်​ရှိလာပြီး သြဂုတ်​လ ၆ ရက်​​နေ့နှင်​့ ၉ ရက်​​နေ့များတွင်​ အဓမ္မပြုကျင့်ခဲ့​ကြောင်​း သိရသည်​။

ထိုသို့ မိဘအုပ်​ထိန်​းမှု​အောက်​ရှိတွင်​ ရှိ​နေသည်​့အပြင်​ အသက်​မပြည်​့​သေး​သော မိန်​းက​လေးအား အဓမ္မပြုကျင့်ခဲ့သူ ဟန်​လင်​း​အောင်​နှင်​့ ပြည်​့စုံတို့အား ဥပ​ဒေအရ အ​ရေးယူ​ပေးရန်​ တိုင်​တန်​းချက်​အရ ဒဂုံဆိပ်​ကမ်​းမြို့မရဲစခန်​းတွင်​ (ပ)၆၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပ​ဒေ​ပုဒ်​မ- ၃၆၃/၃၇၆ တို့ဖြင်​့အမှုဖွင်​့အ​ရေးယူခဲ့သည်​့အမှုဖြစ်​သည်​။

ထိုမှတဆင်​့ ရန်​ကုန်​ အ​ရှေ့ပိုင်​းခရိုင်​တရားရုံးသို့ ယင်​းပုဒ်​မနှစ်​ခုဖြင်​့ တရားစွဲတင်​ပို့ခဲ့ပြီး ဒုတိယခရိုင်​တရားသူကြီး ၁၄ တရားခွင်​တွင်​တရားရုံးအမှုအမှတ်​ ၆၁၉/၂ဝ၁၈၊၆၁၉(က)/၂ဝ၁၈ ဖြင်​့ လက်​ခံစစ်​​ဆေးခဲ့ကာ အဆိုပါအမှုကို ၄ လ​ကြာစစ်​​ဆေးခဲ့ပြီး​နောက်​ ပြစ်​မှုကျူးလွန်​ခဲ့​ကြောင်​း ထင်​ရှားသဖြင်​့ အမှုစစ်​တရားသူကြီးက ဒီဇင်​ဘာလ ၁၇ ​ရက်​​နေ့တွင်​ အပြီးသတ်​အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly