ဘရာဇီး ဆင်းရဲသားရပ်ကွက်မှာ မီးကြီးလောင်၍ အိမ်ခြေပေါင်း ၆၀၀ ကျော် ဆုံးရှုံး

ဘရာဇီး ဆင်းရဲသားရပ်ကွက်မှာ မီးကြီးလောင်၍ အိမ်ခြေပေါင်း ၆၀၀ ကျော် ဆုံးရှုံး

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၉ ။   ။ ဘရာဇီးနိုင်ငံ အမေဇုံဒေသရဲ့  မြစ်တစ်မြစ်ဘေးက လူနေအရပ်မှာ မီးအကြီးအကျယ် လောင်ပြီး အိမ်ခြေပေါင်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

မန်နက်စ်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်မှာ မီးလောင်တာဖြစ်ပေမယ့် သေဆုံးသူ မရှိကြောင်း အာဏာပိုင်တွေက အင်္ဂါနေ့က ပြောပါတယ်။

“မန်နက်စ်မြို့ရဲ့ သမိုင်းမှာ အကြီးမားဆုံး မီးလောင်ကျွမ်းမှု ဖြစ်နိုင်ပါတယ်။”လို့ ဌာနေအရေးပေါ်ဌာနမှ လက်ထောက်အကြီးအကဲ ရာဘီလိုက ပြောပါတယ်။

တနင်္လာနေ့ ညပိုင်းမှာ မီးစတင်လောင်တာဖြစ်ပြီး မီးသတ်သမား ၁၀၀ ကျော်နဲ့ မီးကို သုံးနာရီအကြာ ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ အမေဇုံပြည်နယ်ဆိုင်ရာ လုံခြုံရေးအတွင်းဝန်ရုံးက ထုတ်ပြန်ပါတယ်။

မီးခိုးမွှန်တဲ့ ဝေဒနာကြောင့် လူလေးဦးကို ဆေးရုံတင်ပို့လိုက်ရတယ်လို့ သိရပါတယ်။

မန်နက်စ်မြို့လယ်ပိုင်းမှာရှိတဲ့ လူနေထူထပ်တဲ့ ဆင်းရဲသားရပ်ကွက်မှာ ခုလို မီးလောင်ကြောင့် ရပ်ကွက်နေပြည်သူတွေ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။

ကနဦး စုံစမ်းချက်အရ မီးဖိုတစ်ခုကနေ မီးစတင်လောင်တာဖြစ်ပြီး လေပြင်းတိုက်ခတ်နေချိန်ကြောင့် မီးက ရုတ်ခြည်းကူးစက်ပြန့်နှံ့သွားတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly