တရုတ်နိုင်ငံ သွားနေသည့် လမ်းကြောင်းကို ဘယ်သူမှ လာပြီး အမိန့်ပေးစရာ မလိုကြောင်း သမ္မတ ရှီကျင့်ဖျင် သတိပေး

တရုတ်နိုင်ငံ သွားနေသည့် လမ်းကြောင်းကို ဘယ်သူမှ လာပြီး အမိန့်ပေးစရာ မလိုကြောင်း သမ္မတ ရှီကျင့်ဖျင် သတိပေး

ဒီဇင်ဘာ ၁၈ ။           ။ တရုတ်တို့ရဲ့ စီးပွားရေး ဖော်ဆောင်မှု လမ်းကြောင်းကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လာပြီး အမိန့်ပေး သတ်မှတ်ပေးစရာ မလိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၈ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ကွန်မြူနစ်ပါတီက ယင်းရဲ့ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုနှင့် မူဝါဒ ဖွင့်လှစ်ခြင်း ဆိုင်ရာ နှစ် ၄၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ တရုတ်သမ္မတက တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လက်ရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို အခြား ဘယ်နိုင်ငံရဲ့ အမိန့်ပေးမှုမျိုးကိုမှ လက်ခံသွားမှာမဟုတ်ကြောင်း သမ္မတ ရှီက ပြောသွားပါတယ်။

အမေရိကန်ကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိသော်လည်း သမ္မတ ရှီက ပြောဆိုရာမှာတော့ မိမိတို့ တရုတ်အနေနဲ့ မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်း မရှိကြောင်း၊ အလားတူ မိမိတို့အပေါ် လာပြီး သြဇာပေးမှုမျိုးကိုလည်း သည်းခံသွားမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

" တရုတ်ပြည်သူတွေကို ဘာတွေ လုပ်သင့်တယ်၊ဘာတွေ မလုပ်သင့်ဘူးလဲ ဆိုပြီး ဘယ်သူကမှ လာပြီး အမိန့်ပေးလို့ မရနိုင်ပါဘူး" ဆိုပြီး သမ္မတ ရှီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly