GSP ပြန်လည်ရုပ်သိမ်းပါက အထည်ချုပ်လုပ်ငန်းနှင့် ရေထွက်လုပ်ငန်းမှ အလုပ်သမား ၁ဝသိန်းကျော်ခန့် ထိ ခိုက်နိုင်

By မိုးမြင့်ဇော်
17 December 2018
GSP ပြန်လည်ရုပ်သိမ်းပါက အထည်ချုပ်လုပ်ငန်းနှင့် ရေထွက်လုပ်ငန်းမှ အလုပ်သမား ၁ဝသိန်းကျော်ခန့် ထိ ခိုက်နိုင်

ဒီဇင်ဘာ ၁၇ ။             ။ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်ခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး Generalized System of Preferences (GSP) ကို ပြန်လည်ရုပ်သိမ်းပါက အထည်ချုပ်လုပ်ငန်းနှင့် ရေထွက်လုပ်ငန်းမှ အလုပ်သမား ၁ဝသိန်းကျော်ခန့် ထိခိုက်နစ်နာနိုင်ကြောင်း မြန်မာနိုင််ငံလုံးဆိုင်ရာ အလုုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် ကပြောသည်။

 
"အထည်ချုပ်လုပ်ငန်းဆို ရသိန်းကျော် ရေလုပ်ငန်းဆိုရင် ၄သိန်းကျော် အဲဒါတွေအားလုံးအလုပ်တွေပြုတ်ကုန် မယ်။ သူတို့မသားစုတွေ ဒုက္ခရောက်ကုန်မယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကိုမလိုချင်ပါဘူး။ အီးယူကနေ အထူးအခွင့်အရေးရုပ်သိမ်းတာကိုမလုပ်ပါနဲ့လို့ ကျွန်တော်တို့ပြောတာဖြစ်ပါတယ်" ဟု ဦးမောင်မောင် ကပြော သည်။

 နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းသွားစေနိုင်သည့်အတွက် ဥရောပသမဂ္ဂက ပေးအပ်ထားသည့် Generalized System of Preferences (GSP) ကို ပြန်လည်မရုပ်သိမ်းရေးအတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင််ငံလုံးဆိုင်ရာအလုုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တို့ ပူးပေါင်းကာ ဒီဇင်ဘာ ၁ရရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် “Together We succeed , Why GSP is Essential for Decent Work and Industrial Peace” ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

 ဥရောပသမဂ္ဂသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံကို GSP အခွင့်အရေးပြန်လည်ပေးအပ်ခဲ့ပြီး ဥရောပ သမဂ္ဂ၏ စျေးကွက်အတွင်းသို့ တင်ပို့လာသည့် မြန်မာထုတ်ကုန်များ၊ အထူးသဖြင့် အထည်ချုပ်နှင့် စားသုံးကုန်များကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးအပ်ခဲ့သည်။

 "သုံးသပ်ချက်ထဲမှာ ကျွန်တော်တို့နိုင်ငံက အများဆုံးနဲ့ အမြန်ဆုံးလုပ်နိုင်အကောင်းဖြစ်အောင်လုပ်နိုင် တဲ့ နိုင်ငံဆိုပြီး သူတို့က သုံးသပ်ထားတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ပို့ကုန်က ၁ဝဆမက အီးယူကိုတက်သွားတယ်။ ဒါ အလကားတက်သွားတာမဟုတ်ဘူး။ အီးယူဘက်က ရှိနေတဲ့စံတွေနဲ့ အားလုံး မီအောင်လုပ်နိုင်တဲ့အတွက်တက်သွားတာပေါ့။ အဲလိုနိုင်ငံမျိုးကို အီယူကဘာကြောင့် GSP ဆက်ပြီး ပေးသင့်သလဲဆိုတာကို ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်ထဲမှာ အများဆုံးပြောထားပါတယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦး ကပြောသည်။

 မကြာသေးမီက အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အ ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးအပ်ထားသော GSP ကို ရုပ်သိမ်းရေးအတွက် ပြန်လည်သုံး သပ်နိုင်ရန်လာရောက်ခဲ့ကြကြောင်းသိရသည်။

 အီးယူကုန်သွယ်မှုအခွင့်အရေး စိစစ်လေံလာရေးအဖွဲ့ (EU EBA Monitoring Mission) အဖွဲ့သည် မြန် မာနိုင်ငံတွင် ရခိုင်အပါအဝင် အခြားဒေသများတွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေများ၊ ဆက်ဆံရေးများကို စိစစ် လေ့လာရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၁၈ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်တွင် လာရောက်ခဲ့ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly