နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ

နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ
Armed Burma border police scan the area near the Bangladesh border in Maungdaw, Arakan State on October 15, 2016 Ye Aung Thu—AFP

ဒီဇင်ဘာ ၁၇ ။       ။ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်သည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခံရမှု ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် (၄၁)နှင့် (၄၂) အကြား နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင်များ နယ်စပ်ခြံစည်းရိုး လုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် လှည့်ကင်းအဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ခြံစည်းရိုးတစ်ဖက်ခြမ်း၊ တစ်ဖက်နိုင်ငံဘက်ခြမ်းမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ထပ်မံဖြည့်တင်း၍ ပစ်ကူပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်တလောတွင် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားတစ်ဦးတွင် ဝဲနောက်ကျောမှ ကျည်ဖောက်ဝင်၍ ရှေ့ဝမ်းဗိုက်ဝဲဘက် ဖောက်ထွက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိထားကြောင် ကနဦး သတင်းရရှိသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အသေးစိတ်သတင်းများအား မဇ္ဈိမမှ ထပ်မံတင်ပြသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly