Realme C1 ကို သင့်တင့်ဆွဲဆောင်မှုရှိသည့်စျေးနှုန်းဖြင့် မြန်မာပြည်စျေးကွက်တွင် မိတ်ဆက်ရောင်းချပေးသွားမည်

Realme C1 ကို သင့်တင့်ဆွဲဆောင်မှုရှိသည့်စျေးနှုန်းဖြင့် မြန်မာပြည်စျေးကွက်တွင် မိတ်ဆက်ရောင်းချပေးသွားမည်

Realmeအနေဖြင့် မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် လူငယ်များပိုမိုရွေးချယ်နိုင်စေမည့် စမတ်ဖုန်းသစ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါထုတ်ကုန်များထဲမှ Realme C1 ကို သင့်တင့်ဆွဲဆောင်မှု ရှိစေမည့်စျေးနှုန်းဖြင့် မိတ်ဆက်ရောင်းချပေးသွားမည်ဖြစ်သည်။ စမတ်ဖုန်းကိုအခုချိန်မှစတင်အသုံးပြုလိုသည့် လူငယ်များအနေဖြင့် Realme C1 ၏လုပ်ဆောင်ချက်နှင့် အားသာချက်ကို ပိုမိုသဘော တွေ့စေမည်ဖြစ်ပြီး အဓိကအားသာချက်ဖြစ်သည့် မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်းနှင့် ဘက်ထရီအား ပမာဏကောင်းမွန်ခြင်းတို့ကို ရရှိစေမည်ဖြစ်သည်။

Realme C1 ၏မျက်နှာပြင်မှာ ၆.၂ လက်မအရွယ်အစားရှိ HD ရုပ်ထွက်အရည်အသွေးရှိသော Notch ဒီဇိုင်း Full Screen အမျိုးအစားကိုအသုံးပြုပေးထားသည့်အတွက် ပုံမှန်ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက်သုံးခြင်းနှင့် ဂိမ်းကစားခြင်းတို့ပြုလုပ်ရာတွင် အားရကျယ်ပြန့်သည့်အတွေ့အကြုံကိုရရှိစေမည် ဖြစ်သည်။ ထို့အပြင် တစ်နေ့တာဖုန်းအသုံးပြုရာတွင် အဓိကပြဿနာတစ်ရပ်ဖြစ်သော ဘက်ထရီအား အကုန်မြန်ခြင်းကိုလည်း Realme C1 ၏ ပိုမိုကြီးမားသော 4230mAh ဘက်ထရီပမာဏက ဖြည့်ဆည်းပေးထားမည်ဖြစ်သည့်အတွက် သီချင်းနားထောင်လျှင် (၁၈) နာရီ၊ ဗွီဒီယိုကြည့်လျှင် (၁၅) နာရီ၊ ဂိမ်းကစားလျှင် (၁ဝ) နာရီနှင့် အင်တာနက်ကြည့်လျှင် (၁၈) နာရီအထိအသုံးခံနိုင်စေမည်ဖြစ်သည်။

Realme C1 တွင် AI စနစ်ထောက်ပံ့ပေးထားသော 13MP+2MP Dual Camera အမျိုးအစား ကိုအသုံးပြုပေးထားသည့်အတွက် ကြည်ပြတ်သားသည့်ဓာတ်ပုံကောင်းများကိုရိုက်ယူနိုင်စေမည့်အပြင် Portrait အလှပုံများကိုလည်း စိတ်တိုင်းကျရိုက်ယူနိုင်မည်ဖြစ်သည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 5MP အမျိုးအစားကိုအသုံးပြုပေးထားပြီး Social Platform အတွက်သင့်တော်စေမည့်ဓာတ်ပုံကောင်းများကို ရယူနိုင် စေဦးမည်ဖြစ်သည်။ ကင်မရာအားလုံးတွင် HDR စနစ်ထည့်သွင်းပေးထားခြင်းကြောင့် အလင်းအမှောင် ညီညွှတ်မျှတမှုကိုလည်း ဓာတ်ပုံရိုက်ယူရာတွင် အချိုးညီညီ ရရှိစေမည်ဖြစ်သည်။

ဖုန်း၏စွမ်းဆောင်မှုအပိုင်းအတွက် Snapdragon 450 chipset ကိုထည့်သွင်းပေးထားပြီး RAM 2GB နှင့်ပေါင်းစပ်ကာ Octa-core 1.8GHz နှုန်းအထိအလုပ်လုပ်ပေးနိုင်မည်ဖြစ်သည့်အတွက် ပုံမှန်ဂိမ်း အကောင်းများကိုလည်း စိတ်တိုင်းကျကစားနိုင်စေမည်ဖြစ်သည်။ Internal storage 16GB ပါဝင်ပြီး SD card မှတစ်ဆင့် 256GB အထိပါ ထပ်တိုးအသုံးပြုနိုင်စေမည်ဖြစ်သည်။ Triple slot အမျိုးအစားဖြစ်သည့်အတွက် 4G ကွန်ရက်သုံး ဆင်းမ်ကဒ်၂ကဒ်ကို တစ်ပြိုင်တည်းအသုံးပြုနိုင်စေ ဦးမည်ဖြစ်သည်။ Realme C1 ၏စျေးနှုန်းကို ယခုလမကုန်ခင်ကျင်းပပြုလုပ်မည့် Launching Event တွင် တရားဝင်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags