ကောင်းကင်ကြိုးစီးနင်းခြင်းအပါအဝင် ကစားနည်း ၃ မျိုးအတွက် တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး

ကောင်းကင်ကြိုးစီးနင်းခြင်းအပါအဝင် ကစားနည်း ၃ မျိုးအတွက် တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဒီဇင်ဘာလ ၁၇ ။           ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း အပန်းဖြေကစားနိုင်ရန်အတွက် ကောင်းကင်ကြိုးစီးနင်းသည့် ကစားနည်း အပါအဝင် ပေ ၃ဝ အမြင့်ခုန်ကစားနည်းနှင့် တောင်တက်ကစားနည်းများအတွက် တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည်မှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားနည်း ၃ မျိုးအား  အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ သိန်းခန့်အကုန် အကျခံတည်ဆောက်နေ ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်းဖွင့်လှစ်နိုင်ရန်လျာထားကြောင်း ဆောက် လုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

“ တည်ဆောက်ဖို့အတွက် ထုတ်လုပ်ရေးပိုင်းကတော့ အားလုံးလုပ်ပြီးသွားပြီ။ ဆင်နေတဲ့အဆင့်ကတော့ ဒီနေ့ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းပြီးသွားပြီ။ နောက် ၃ ရက်၊ တစ်ပတ်လောက်ဆိုရင်တော့ ဆင်နေတဲ့အပိုင်း အကုန်ပြီးမယ်။ အဲ့ဒါဆိုရင် ဒီပရောဂျက်ရဲ့ ၈ဝ ရာခိုင်နှုန်းပြီးစီးသွားပြီ”ဟု ဆောက်လုပ်ရေးပိုင်းတွင် တာဝန် ရှိသူ တစ်ဦးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ်များနှင့် ပန်းဥယျာဉ်များဌာနရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းစိုးအေး ပြောသည်။

စီမံချက်ကာလမှာ ၃ လမှ ၄ လအထိကြာမြင့်နိုင်ပြီး မြေပြင်ရှင်းလင်းမှုကို သြဂုတ်လ ၂ဝ ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တည်ဆောက်ရေးအပိုင်းကိုလည်း အဆင့် ၇ ဆင့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တည်ဆောက်နေသည့် ကစားနည်း ၃ မျိုးအတွက် Zip Line Tower တစ်ခု၏ အမြင့်မှာ ပေ ၆ဝ ခန့်မြင့် ပြီး တာဝါတိုင် နှစ်ခု၏ အကွာအဝေးမှာလည်း ပေ ၅၆ဝ ခန့်အထိရှိပြီး လူတစ်ဦးလျှင် ၇ မိနစ်ခန့် စီးနင်းနိုင် မည်ဖြစ်ကြောင်း ဦးသန်းစိုးအေးပြောပြချက်အရ သိရပါသည်။

ကောင်းကင်ကြိုးစီးနင်းသည့် ကစားနည်း( Zip Line ) စီးနင်းသူမှာ ကိုယ်လေးချိန် ၉၉ ပေါင်မှ ပေါင် ၂၄၂ အတွင်း ရှိရမည်ဖြစ်ပြီး စီးနင်းစဉ် အတောအတွင်း လျော့ရဲရဲချည်နှောင်ထားမှုများ ဖယ်ရှားထားရန်နှင့် အသုံး အဆောင်ပစ္စည်းများ ယူဆောင်ခွင့်မပြုသည့်အပြင် အရက်၊ ဆေးလိပ်သောက်ခြင်းများအား တားမြစ်ထား ကြောင်းသိရသည်။

ထို့ပြင် စိတ်ကျန်းမာရေးခံစားနေရသူ၊ ကိုယ်ဝန်ဆောင်သည်၊ ဝက်ရူးပြန်ရောဂါရှိသူ၊ မူးယစ်ဆေးဝါးသုံးစွဲထား သူ၊ သွေးတိုး၊ ဆီးချိုရောဂါရှိသူ၊ နာတာရှည်အရိုးအဆစ်ရောဂါရှိသူ၊ အဖုအကျိတ်နှင့် အဆစ်ရောင်ရောဂါရှိသူ၊ အမြင့်တက်စဉ် မူးဝေခြင်း၊ သတိလစ်မေ့မျောတတ်သူနှင့် နှလုံးပြဿနာရှိသူများအားလုံး စီးနင်းရန်မသင့် ကြောင်းကိုလည်း အသိပေးဆိုင်းဘုတ်ထားရှိပြီး တားမြစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ များပြောပြချက်အရ သိရသည်။

မြေနေရာ ၅၇ ဧကကျော်ရှိသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုး၊ အကောင် ရေ ၁၄ဝဝ ကျော်နှင့် ပြကွက်ပေါင်း ၅၉ ခု ဖြင့်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly