အလှူမှာ ကျွေးတဲ့ ထမင်းကို စားပြီး လူ ၁၁ ဦးထက်မနည်း အစာအဆိပ်သင့် သေဆုံးမှု အိန္ဒိယမှာ ဖြစ်ပွား

အလှူမှာ ကျွေးတဲ့ ထမင်းကို စားပြီး လူ ၁၁ ဦးထက်မနည်း အစာအဆိပ်သင့် သေဆုံးမှု အိန္ဒိယမှာ ဖြစ်ပွား

ဒီဇင်ဘာ ၁၆ ။            ။ အိန္ဒိယနိုင်ငံမှာတော့ အလှူပွဲအခမ်းအနားတစ်ခုမှာ ကျွေးတဲ့ ထမင်းကို စားပြီးနောက် လူ ၁၁ ဦး ထက်မနည်း အစာအဆိပ်သင့် သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

Chamraj Nagar ဒေသမှာ ရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ ဘာသာရေးအလှူအခမ်းအနားတစ်ရပ်မှာ ကျွေးမွေးတဲ့ ထမင်းကို စားပြီး ကလေးငယ် နှစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြား ၂၉ ဦးလည်း အသည်းအသန် နာမကျန်းဖြစ်ခဲ့ရပြီး Karnataka ပြည်နယ်က Masore မြို့ရှိ ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဆေးကုသမှု ခံယူနေရသူတွေကတော့ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အသက်ရှုကျပ်ခြင်း စတဲ့ ဝေဒနာတွေခံစားနေရတာကို တွေ့ရှိရတယ်လို့လည်း Chamraj Nagar ဒေသ ကျန်းမာရေးအရာရှိ KH Prasad က ပြောသွားပါတယ်။

ယင်းအလှူမှာ ကျွေးတဲ့ ထမင်းတွေမှာတော့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ပါဝင်ညစ်ညမ်းနေဖွယ် ရှိတယ်လို့လည်း ၎င်းက ပြောပါတယ်။

ယခုအချိန်မှာတော့ အလှူမှာ ကျွေးမွေးတဲ့ထမင်း နမူနာကို ယူပြီး အသေးစိတ် စစ်ဆေးမှုတွေပါ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly