ပြင်သစ်ရှိ ဂျူး သုဿာန်တစ်ခုက သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်တွေ မတော်တလျော် ရေးခြစ်ဖျက်ဆီးခံရ

ပြင်သစ်ရှိ ဂျူး သုဿာန်တစ်ခုက သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်တွေ မတော်တလျော် ရေးခြစ်ဖျက်ဆီးခံရ

ဒီဇင်ဘာ ၁၆ ။               ။ ပြင်သစ်နိုင်ငံ Strasbourg မြို့အနီး ဂျူးဘာသာဝင်တို့ရဲ့ သင်္ချိုင်းတစ်ခုက ကမ္ပည်းကျောက်စာတိုင်ပေါင်း ၃၇ ခု အရိုအသေမဲ့ စာလုံးတွေနဲ့ ရေးခြစ် ဖျက်ဆီးခံထားရတာကို သက်ဆိုင်ရာ အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ရဲ့ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဂျူးတွေနဲ့ ပတ်သက်တဲ့ ကမ္ပည်းကျောက်စာတိုင် ၃၇ ခုနဲ့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုတို့ကိုတော့ စကြာတံဆိပ် ၊  ဂျူးအနွယ် ဆန့်ကျင်ရေး ပုံစာတွေနဲ့ ရေးခြစ် ဖျက်ဆီးထားတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ယင်း ဖျက်ဆီးမှုကတော့ နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ လူသေဆုုံးစေတဲ့ တိုက်ခိုက်မှု တစ်ခု ဖြစ်တဲ့ သီတင်းပတ်တစ်ပတ်ထဲဲမှာပဲ အတူတူ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က ပြင်သစ်တာဝန်ရှိသူတွေက ယင်းသင်္ချိုင်းကို သွားရောက်စစ်ဆေးပြီး ဂါရဝ ပြုခဲ့ကြပါတယ်။

“ ရှေ့ကာလကို ပြန်အောက်မေ့အမှတ်ရစေတဲ့ ဒီနေရာတစ်ခုကတော့ မလေးမစား အလုပ်ခံခဲ့ရပါတယ်”  ဆိုပြီး ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ်စတိုဖီ ကက်စ်တာနာက တွစ်တာကနေတဆင့် ရေးသားထားခဲ့ပါတယ်။

ခုလို အရုပ်ဆိုး အကျည်းတန်စေတဲ့ လက်သရမ်း မှုတွေရဲ့ လက်သည်တရားခံတွေကို ရှာဖွေ ဖော်ထုတ်ဖမ်းမိနိုင်ရေးအတွက်လည်း လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ၎င်းက ပြောသွားပါတယ်။

ယင်း ဖျက်ဆီးမှုကတော့ ပြင်သစ် အရှေ့မြောက်ပိုင်း Strasbourg ရဲ့ မိုင်အနည်းငယ်အကွာက Herrilisheim မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ သို့မဟုတ် ၁၁ ရက် ခန့်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly