ပါရီ သဘောတူညီချက် အသက်သွင်းရေး ရှေ့ဆက်လုပ်ကြဖို့ ကမ္ဘာ့နိုင်ငံတွေ သဘောတူ

ပါရီ သဘောတူညီချက် အသက်သွင်းရေး ရှေ့ဆက်လုပ်ကြဖို့ ကမ္ဘာ့နိုင်ငံတွေ သဘောတူ

ဒီဇင်ဘာ ၁၆ ။             ။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပါရီသဘောတူညီချက်ကို လက်တွေ့ကျင့်သုံးသွားနိုင်မယ့် စည်းမျဉ်းအားလုံးကို အပြီးအပြတ် ထူထောင်သွားရေး နိုင်ငံတကာအသိုက်အဝန်းအကြား သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်က ပိုလန်နိုင်ငံ Katowice မြို့မှာ ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအစည်းအဝေးမှာ အဆိုပါ ပါရီ သဘောတူညီချက် အသက်သွင်းရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းလုပ်ဆောင်ချက်တွေ ပြဌာန်းသတ်မှတ်ပြီး ရှေ့ဆက်လုပ်သွားကြဖို့ ကမ္ဘာ့နိုင်ငံတွေအကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ယခုဆိုရင်တော့ လာမယ့် ၂၀၂၀ မှာ ယင်း ပါရီ ရာသီဥတု သဘောတူညီချက်ကို လက်တွေ့ ကျင့်သုံးသွားနိုင်မယ့် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ နိုင်ငံအသီးသီးက ဆွေးနွေးသူတွေအကြား အကြိတ်အနယ် ဆွေးနွေးပြီး သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။

ယခု ပိုလန် ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ စည်းမျဉ်းသစ်တွေနဲ့အတူ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ်တွေအ တည်မြဲသွားနိုင်တော့မယ်ဆိုပြီး အစည်းအဝေး တက်ရောက်လာသူ ကိုယ်စားလှယ်တွေက ယုံကြည်နေကြပါတယ်။

ယခု ပိုလန် ထိပ်သီးအစည်းအဝေး သဘောတူညီချက်နဲ့အတူ ၂၀၁၅ အထင်ကရ ပါရီ သဘောတူညီချက်ပါ ရည်မှန်းချက် ဖြစ်တဲ့ ကမ္ဘာ့ရာသီဥတု အပူချိန် မြင့်တက်မှုကို ၂  ဒီဂရီ ဆဲလ်စီယပ် အောက် လျှော့ချကန့်သတ်ရေး ရည်မှန်းချက်ကိုပါ ပြည့်မီအောင် ဖော်ဆောင်ဖို့ပါ ရည်ရွယ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly