စပိန်နည်းပညာသုံး Vsmart စမတ်ဖုန်းအမျိုးအစားကို ဗီယက်နမ်တွင် စတင်မိတ်ဆက်

စပိန်နည်းပညာသုံး Vsmart စမတ်ဖုန်းအမျိုးအစားကို ဗီယက်နမ်တွင် စတင်မိတ်ဆက်

ဒီဇင်ဘာ ၁၅ ။           ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၄ ရက်နေ့က ဗီယက်နမ်အခြေစိုက် Vingroup ကုမ္ပဏီဟာ ၎င်းရဲ့ စပိန်နည်းပညာသုံး Vsmart စမတ်ဖုန်း အမျိုးအစားအသစ်တွေကို ဟိုချီမင်းမြို့မှာ မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Vsmart စမတ်ဖုန်းတွေကို တီထွင်ဖန်တီးထုတ်လုပ်ဖို့ Vingroup ဟာ စပိန်ကုမ္ပဏီ BQ နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Vingroup ကနေ လတ်တလော မိတ်ဆက်လိုက်တဲ့ Vsmart စမတ်ဖုန်းတွေထဲမှာ Active 1၊ Active 1+၊ Joy 1 နဲ့ Joy 1+ ဆိုပြီး အမျိုးအစား ၄ မျိုးခွဲထားတာကို တွေ့ရမှာဖြစ်ပါတယ်။

စမတ်ဖုန်းအမှတ်တံဆိပ်အသစ်ဖြစ်တဲ့ Vsmart ကို ဗီယက်နမ်ရဲ့ စမတ်ဖုန်းလောကမှာ နာမည်ကြီးနေတဲ့ Samsung ထက် တစ်ပန်းသာအောင် ကြိုးစားသွားမယ်လို့ Vingroup တာဝန်ခံတွေကပြောပါတယ်။

Vingroup ကုမ္ပဏီဟာ အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စမတ်တီဗွီနဲ့ အခြားစက်ပစ္စည်းတွေကိုပါ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly