ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး လွှတ်တော်ဖျက်သိမ်းတဲ့ သမ္မတ ဆုံးဖြတ်ချက်ဟာ တရားမဝင်လို့ သီရိလင်္ကာတရားရုံးချုပ် စီရင်ချက်ချ

ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး လွှတ်တော်ဖျက်သိမ်းတဲ့ သမ္မတ ဆုံးဖြတ်ချက်ဟာ တရားမဝင်လို့ သီရိလင်္ကာတရားရုံးချုပ် စီရင်ချက်ချ

သီရိလင်္ကာ သမ္မတရဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး လွှတ်တော် ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ တရားမဝင်ကြောင်း တရားရုံးချုပ်က ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်ပါတယ်။

သီရိလင်္ကာ သမ္မတ မိဿရီပါလာသီရိသေနာဟာ အောက်တိုဘာလအတွင်းက ဝန်ကြီးချုပ် ရာနေးဝစ်ခရီမီဆင်းချ်ကို ဖြုတ်ချပြီး မဟိန္ဒာရာဂျာပတ်စာကို အစားထိုးခန့်အပ်ခဲ့တာကြောင့် နိုင်ငံရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့ပါတယ်။

သမ္မတရဲ့ ဒီလို လုပ်ရပ်မျိုးဟာ တရားမဝင်ကြောင်း အိန္ဒိယသမုဒ္ဒရာက ကျွန်းနိုင်ငံ သီရိလင်္ကာရဲ့ တရားရုံးချုပ် တရားသူကြီးတွေက တစ်ညီတစ်ညွတ်တည်း စီရင်ချက် ချလိုက်တာပါ။

“ဒီ စီရင်ချက်ကို တစ်ညီတစ်ညွတ်တည်း ချလိုက်တာအတွက် ကျွန်တော်တို့ အရမ်းပျော်တယ်။ သီရိလင်္ကာ ပြည်သူတွေလည်း ဒီလို ပျော်ကြလိမ့်မှာပဲ ဖြစ်တယ်။ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ပြီလို့ ခံစားရတယ်။”လို့ ရှေ့နေတစ်ဦးဖြစ်တဲ့ ကာနက်အစ်ဝါရန်က ပြောပါတယ်။

“အာဏာပိုင်တွေအနေနဲ့လည်း ဒီ စီရင်ချက်ကို လေးစားလိုက်နာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly