ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်ပြန်လာသူများကို ကူညီထောက်ပံ့ပေးရန် အိန္ဒိယမှ အသင့်ရှိနေ

ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်ပြန်လာသူများကို ကူညီထောက်ပံ့ပေးရန် အိန္ဒိယမှ အသင့်ရှိနေ
Photo-AFP

ဒီဇင်ဘာ ၁၄ ။  ။မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်နှင့်အညီ စိစစ်အတည်ပြုပြီး ဖြစ်သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး ကူညီ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း အိန္ဒိယနိုင်ငံမှ ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်အောက်မှ ပထမသုတ် အဖြစ် တည်ဆောက်ပြီးစီးသည့် အိမ်ရာအလုံး ၅၀ ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အပြင် စိုက်ပျိုးရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အိန္ဒိယနိုင်ငံမှ ကူညီထောက်ပံ့နေခြင်းများ လည်း ရှိနေသည်။

အိန္ဒိယဘက်မှ လက်ရှိ ခွဲဝေပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ဖွံ့ဖြိုးရေး အကူအညီဖြင့် လုပ်ငန်း အကောင်အထည်ဖော်မှုများ ပြီးဆုံးပါက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဆက်လက်၍ တိုးချဲ့ ပေးအပ်သွားရန် ဆန္ဒရှိကြောင်း အိန္ဒိယဘက်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် အရေးကိစ္စမှာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများ ပါဝင်ပတ်သက် နေသည်ဟု နှစ်နိုင်ငံကြား သဘောတူညီခဲ့သည်။

မြန်ာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာလ ၁၅ ရက်က လူ ၂၀၀၀ ကျော် ပထမသုတ်အဖြစ် ပြန်လာရန်ရှိသော်လည်း ဒီဇင်ဘာလသို့ ရွှေ့ဆိုင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly