နတ်မောက်တွင် အထောက်အထားမဲ့ နွားများ သယ်ဆောင်လာသူများကို ဖမ်းဆီး

နတ်မောက်တွင် အထောက်အထားမဲ့ နွားများ သယ်ဆောင်လာသူများကို ဖမ်းဆီး

မကွေး၊ဒီဇင်ဘာ ၁၄ ။             ။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာ၊ စိုင်ဂေါင်းရဲစခန်း မြှောက်ဘက် (၅)မိုင်ခန့် ကွာဝေးသော လမ်းမကြီးပေါ်တွင် တရားမဝင်အထောက်အထားမဲ့ နွား အထီး ၄၁ ကောင် သယ်ဆောင် လာသော ၁၀ ဘီးကား နှစ်စီးအား ဖမ်းဆီးရမိသည်ဟု စိုင်းဂေါင်းနယ်မြေ ရဲစခန်းမှ သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဒုစရိုက်နှိမ်နှင်းရေးမှ ရဲအုပ်အေးမင်းထွန်းနှင့် စိုင်ဂေါင်း နယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်ခိုင်ထူးတို့ ပူးပေါင်းရဲတပ်အဖွဲ့မှသတင်းရရှိသောကြောင့် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁ နာရီခန့်တွင် ရွာတော်ကျေးရွာ၌ စောင့်ဆိုင်းနေစဉ် ၁ဝဘီးကားနှစ်စီးဖြင့် တင်ဆောင်လာသော အထောက်အထားမဲ့ နွားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ လေးအိမ်ကျေးရွာဘက်မှ ပျော်ဘွယ်မြို့ဘက်သို့ ပျော်ဘွယ်မြို့နယ်တွင်နေထိုင်သော ယာဉ်မောင်း ဦးခင်မောင်ညို ၄၃ နှစ် နှင့် ကိုမျိုးမင်းထွန်း ၃၂ နှစ် တို့၏ NISSAN ဒီဇယ် ၁၀ ဘီးကားပေါ်၌ နွားထီး ၂၁ ကောင်ကိုလည်းကောင်း မိတ္ထီလာမြို့တွင်နေထိုင်သော ယာဉ်မောင်း ဦးကိုကိုလွင် ၄၇ နှစ်၊ ဦးစိုးဝင်း ၄၃ နှစ်တို့ မောင်းနှင်သော ၁ဝဘီး ကားပေါ်မှ အထောက်အထားမဲ့ နွားအထီး ၂ဝကောင်တို့အား စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တရားမဝင်အထောက်အထားမဲ့နွားအထီး (၄၁)ကောင် သယ်ဆောင်လာသော ယာဉ်မောင်းတို့အား စိုင်ဂောာင်းနယ်မြေရဲစခန်းတွင် (ပ) ၅၅/၂၀၁၈ အရေးကြီးကုန်စည် ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly