ဧရာမ စပါးအုံးမြွေကြီးကို အင်ဒိုနီးရှား ရွာသားတွေ ဝိုင်းဖမ်းခဲ့ကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယို လူကြည့်များနေ

ဧရာမ စပါးအုံးမြွေကြီးကို အင်ဒိုနီးရှား ရွာသားတွေ ဝိုင်းဖမ်းခဲ့ကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယို လူကြည့်များနေ

ဒီဇင်ဘာ ၁၄ ။              ။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားက တောတွင်းတစ်နေရာမှာ ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်ကို ရွာသားတွေ တွေ့ရှိပြီး အသည်းအသန် ၀ိုင်းပြီး ဖမ်းခဲ့ကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ရောက်လာခဲ့ရာမှာ ကြည့်ရှုသူ သန်းချီ ရှိခဲ့ပါတယ်။

အရှည် ၈ မီတာ (၂၆ ပေ) ခန့် ရှိပြီး အင်မတန် ကြီးတဲ့ အဆိုပါ စပါးအုံးမြွေကြီးက ဖမ်းဖို့ ကြိုးစားတဲ့ ရွာသားတစ်ဦးကို လုံးထွေးပတ်ပြီး ညှစ်သတ်ဖို့ ကြိုးပမ်းနေတာကိုလည်း ယင်းဗီဒီယိုထဲမှာ တွေ့ရှိခဲ့ရပါတယ်။

ယင်းနောက်မှာတော့ ဒေသခံ ရွာသားတွေဟာ ယင်း မြွေကြီးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး လှောင်အိမ်ထဲ ထည့််လိုက်နိုင်ပါတယ်။

နိုဝင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ဦးဟာ ယင်း စပါးအုံးမြွေကြီးရဲ့ ထွေးပတ်မှုကို ဖြည်ဖို့ လုပ်နေစဉ် အနားက အခြားရွာသားတွေက ဝိုင်းပြီး ထိန်းချုပ်ဖမ်းဆီးနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ယင်းဖြစ်စဉ်ကတော့ ဆူမားတြားကျွန်းပေါ်က ပူကူအန်း အေနမ် ဆိုတဲ့ ရွာလေးတစ်ရွာမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ကနဦးမှာတော့ ရွာသားတွေက ချောင်းစပ်မှာ မလှုပ်မယှက်ဖြစ်နေတဲ့ ယင်းမြွေကြီးကို သစ်တုံးလို့ထင်ခဲ့ကြကြောင်း၊ နောက်မှသာ လှုပ်လာလို့ မြွေကြီးဖြစ်နေမှန်း သိခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်းနောက် ရွာသားတွေဟာ မြွေကြီးကို အောင်မြင်စွာ ဖမ်းနိုင်ခဲ့ပြီး အနီးအနား တိရိစ္ဆာန်ရုံတစ်ခုကို ပို့ဖို့ လုပ်ပေမယ့် နေရာမဆံ့လို့ ယင်းတိရိစ္ဆာန်ရုံက လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။

ယခုအခါ ယင်း မြွေကြီးကို လှောင်အိမ်ထဲမှာ ထည့်ထားဆဲဖြစ်ပြီး ဒီအတိုင်း ထိန်းသိမ်းထားကြောင်း ရွာသားတစ်ဦးဖြစ်တဲ့့ ကိုတိုက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly