ပြင်သစ် လူငယ် ရက်ဘီ ကစားသမားတစ်ဦး နှလုံးအမောဖောက် သေဆုံး

ပြင်သစ် လူငယ် ရက်ဘီ ကစားသမားတစ်ဦး နှလုံးအမောဖောက် သေဆုံး

ဒီဇင်ဘာ ၁၄ ။              ။ ပြင်သစ်နိုင်ငံက ဆယ်ကျော်သက် လူငယ်တစ်ဦး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရက်ဘီ ကစားနေရင်းနဲ့ နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၉ နှစ်ရှိ နီကိုလပ်စ် ချော်ဗင် ဟာ Bordeaux-Begles မှာ Stade Francais လူငယ် အကယ်ဒမီအတွက် ကစားပေးနေရင်းနဲ့ ရုတ်တရက် နှလုံးရပ်သွားခဲ့တာဖြစ်ကြောင်း ယင်းအားကစားကလပ်က ထုတ်ပြန်ပါတယ်။

Chauvin ဟာ ငါးမိနစ်အတွင်း ဘောလုံးအလုခံရရင်း ထိခိုက်မိရာကနေ လဲကျအသက်ရှုရပ်သွားခဲ့တာဖြစ်ပါတယ်။ ၎င်းကို ကွင်းတွင်းရှိ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက နှလုံးပြန်ခုန်လာအောင် လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ယင်းနောက်မှ ပြည်တွင်း ဆေးရုံတစ်ရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် ၎င်းဟာ ကစားရင်း ထိခိုက်မိရာကနေ လည်ပင်းရိုးကျိုးအက်သွားခဲ့လို့ ဆေးရုံမှာ ခွဲစိတ်ခံရသေးတယ်လို့ သိရပါတယ်။

ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားပေးခဲ့သော်ငြား ချော်ဗင် ဟာ ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယခု ဖြစ်စဉ်မတိုင်မီ လေးလအကြာတုန်းကလည်း အခြားသော ပြင်သစ် ရက်ဘီကစားသမားတစ်ဦးဖြစ်တဲ့ လူးဝစ် ဖာဖရော်စကီး လည်း ယင်းလိုမျိုး ရက်ဘီကစားပွဲတစ်ခု အဝတ်လဲခန်းမှာ နှလုံးအမောဖောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly