ရုရှရိုးရာဝတ်စုံများနှင့် ခေတ်သစ်ဖက်ရှင်ကို ပေါင်းစပ်ကာ ဒီဇိုင်းအသစ်တီထွင်ဖန်တီးလိုက်သည့် ရုရှဖက်ရှင်ဒီဇိုင်နာများ

ရုရှရိုးရာဝတ်စုံများနှင့် ခေတ်သစ်ဖက်ရှင်ကို ပေါင်းစပ်ကာ ဒီဇိုင်းအသစ်တီထွင်ဖန်တီးလိုက်သည့် ရုရှဖက်ရှင်ဒီဇိုင်နာများ

ဒီဇင်ဘာ ၁၄ ။                ။ ရုရှနိုင်ငံ၊ မော်စကိုမြို့နေ ဖက်ရှင်ဒီဇိုင်နာတွေဟာ ရှေးဟောင်းရုရှရိုးရာဝတ်စုံတွေနဲ့ ခေတ်သစ်ဖက်ရှင် အဝတ်အစားတွေကို ပေါင်းစပ်ပြီး အသစ်တီထွင် ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။

ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ မာရီယာ အက်တရီယာနိုဗာဟာ ၎င်းရဲ့ ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်တဲ့ မာရှာ အက်တရီယာနိုဗာတံဆိပ်နဲ့ အဝတ်အစားတွေကို တီထွင်ဖန်တီးရောင်းချနေတာဖြစ်ပါတယ်။

 မာရီယာ အက်တရီယာနိုဗာဟာ ခေတ်သစ်အဝတ်အစားတွေကို ရှေးခေတ်ရုရှလူမျိုးတွေချုပ်တဲ့ လက်ရာအတိုင်း ချုပ်နေတာဖြစ်ပြီး အဆိုပါအတတ်ပညာကို ကယ်ရီလီယာမြို့နေ အပ်ချုပ်သမတွေက လက်ဆင့်ကမ်း သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဝတ်အစားတွေကို ရှေးမူမပျက်၊ ရိုးရာမပျက် ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း၊ ရုရှယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းလိုကြောင်း အသက် ၃၁ နှစ်ရှိ မာရီယာ အက်တရီယာနိုဗာက ပြောပါတယ်။

အလားတူပဲ အသက် ၃၅ နှစ်ရှိ ယုခ်ဟန် နီကာဒီမတ်စ်ဟာ ၁၉ ရာစုက ရုရှအမျိုးသမီးတွေကြား ရေပန်းစားခဲ့တဲ့ ကိုကို့ရှ်နီခီဝတ်စုံကို ပြန်လည်အသက်ဝင်လာအောင် တီထွင်ဖန်တီးနေတဲ့ ရုရှဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။

“ဒီ ကိုကို့ရှ်နစ်ခ် ခေါင်းပေါင်းကို ခေတ်သစ်မင်္ဂလာဝတ်စုံနဲ့ တွဲဝတ်လို့ ရတယ်။ ရှေးဟောင်းဝတ်စုံတွေဆိုတာ ဒီတိုင်းထားခဲ့ရမယ့် အရာတွေမဟုတ်ဘူး။ နည်းပညာသစ်တွေက အမြဲပေါ်နေတာ။ ဝတ်စုံတွေကိုလည်း ခေတ်နဲ့အညီ တီထွင်ဆန်းသစ်ဖို့လိုတယ်။”လို့ ယုခ်ဟန် နီကာဒီမတ်စ်ကပြောပါတယ်။

မော်စကိုမြို့သူတစ်ဦးဖြစ်တဲ့ ဗစီလီနာ ခါလာမိုဗာကလည်း ရုရှရိုးရာအတိုင်း ရက်လုပ်ထားတဲ့ မာရီယာ အက်တရီယာနိုဗာရဲ့ ဝတ်စုံတွေကို ရှူးဖိနပ်နဲ့ တွဲစီးဖို့ လာဝယ်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly