ပြင်သစ်ခရစ္စမတ်စျေး ပစ်ခတ်သူကို ရဲတပ်ဖွဲ့က အသေလက်ရ ဖမ်းမိ

ပြင်သစ်ခရစ္စမတ်စျေး ပစ်ခတ်သူကို ရဲတပ်ဖွဲ့က အသေလက်ရ ဖမ်းမိ
Photos: AFP

ပါရီ၊ ဒီဇင်ဘာ ၁၄ ။    ။ ပြင်သစ်နိုင်ငံ စတာရက်ဘတ်ချ်မြို့က ခရစ္စမတ်စျေးမှာ လူသုံးဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ပြင်သစ်ရဲတပ်ဖွဲ့ဟာ ကြာသပတေးနေ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။

လူစည်ကားရာ ခရစ္စမတ်စျေး လူအုပ်ကို ပစ်ခတ်သူဟာ ၎င်းတို့ရဲ့ စစ်သားဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က  ကြေညာထားပါတယ်။

အသက် ၂၇ အရွယ် ချာရစ်ချက်ကက်ဆိုသူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ပစ်ခတ်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး ၎င်းကို ဖမ်းဆီးနိုင်ရေး ပြင်သစ်နိုင်ငံဟာ ရဲအင်အား ၇၀၀ ကျော်ကို အသုံးပြုခဲ့ရတာလည်း ဖြစ်ပါတယ်။

ချာရစ်ဟာ သူကြီးပြင်းခဲ့ရာ စတာရက်ဘတ်ချ်မြို့ရဲ့ နျူဒေါ့ဖ်အရပ်မှာ လမ်းတွေပေါ် လှည့်လည်သွားလာနေတာကို ရဲတပ်ဖွဲ့က မြင်ပြီး ဖမ်းဆီးစစ်ဆေးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် ၎င်းက လှမ်းပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဟာ ပြန်လှန်ပစ်ခတ်ပြီး သုတ်သင်လိုက်ရတာလို့ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတန်နာက ဆိုပါတယ်။

“သူဖက်က စပစ်တာနဲ့ ရဲတွေဟာ လက်မနှေးဘဲ ချက်ချင်း ပြန်လည်ပစ်ခတ်ပြီး သုတ်သင်လိုက်ရတာဖြစ်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly