မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်လာသော်လည်း ရခိုင်အရေးကြောင့် အကျဖက်သို့ ယိမ်းယိုင်နိုင်ကြောင်း IMF ထုတ်ပြန်

မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်လာသော်လည်း ရခိုင်အရေးကြောင့် အကျဖက်သို့ ယိမ်းယိုင်နိုင်ကြောင်း IMF ထုတ်ပြန်

ဒီဇင်ဘာ ၁၃ ။          ။ မြန်မာနိုင်ငံ၏ ကာလလတ်မှ ကာလရှည် စီးပွားရေးတိုးတက်မှုနှုန်းသည် ရရာခိုင်နှုန်းနီးပါးတိုးတက်လာသော် လည်း ရခိုင်အရေးအပါအဝင် ဆုံးရှုံးနိုင်ခြေများကလည်း အကျဖက်သို့ ယိမ်းယိုင်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က သတင်းထုတ်ပြန်သည်။

 မြန်မာနိုင်ငံစီးပွားရေးသည် ၂၀၁၇/၁၈တွင် ပြန်လည်ရုန်းထလာသော်လည်း အထနှေးမည့်လက္ခဏာများပြနေ ပြီး ၂၀၁၈/၁၉တွင် တိုးတက်မှုနှုန်း ၆.၄ရာခိုင်နှုန်းဝန်းကျင်သာ ရှိမည်ဟု IMF ကခန့်မှန်းသည်။

 အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)မှ Mr. Shanaka Jayanath Peiris ဦးဆောင်သော IMF မစ်ရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၁၃ရက်အထိ လာရောက်ခဲ့ပြီး ခရီးစဉ်အပြီး တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 ၂၀၁၆/၁ရတွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၉ရာခိုင်နှုန်းရှိခဲ့ရာမှ ပြည်ပပို့ကုန်နှင့် ပြန်လည်ကောင်းမွန်လာသော လယ်ယာစိုက်ပျိုးရေးတို့ကြောင့် ၂၀၁၇/၁၈တွင် ၆.၈ရာခိုင်နှုန်းခန့် ပြန်တက်လာခဲ့သည်။ အထွေထွေငွေကြေး ဖောင်းပွမှုမှာ ၂၀၁၇/၁၈တွင် (ပျှမ်းမျှ ၄ဝရာခိုင်နှုန်း)ဖြင့် တည်ငြိမ်ခဲ့သော်လည်း စက်သုံးဆီစျေးနှုန်း မြင့်တက် ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

 ၂၀၁၈/၁၉ ရှေ့အလာတွင် စီးပွားရေးတိုးတက်မှု ၆.၄ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်းထားပြီး ဘတ်ဂျက်လို ငွေမှာ ၃.၅ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာရေနံစျေးကျဆင်းလာခြင်းနှင့် ငွေကြေးဖောင်းပွမှုကို တဖြည်းဖြည်းထိန်းသိမ်းပေးခြင်းဖြင့် စားသုံး သူများ၏ သုံးစွဲနိုင်စွမ်းကို အထောက်အကူပြုရန် လိုအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အဆိုပါ IMF မစ်ရှင်အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကနှင့် ငွေရေးကြေးရေးကဏ္ဍမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required