ဘင်္ဂလားဒေ့ရှ်က သစ်ပင်တွေကို လိုက်လံထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပန်းရံဆရာ

ဘင်္ဂလားဒေ့ရှ်က သစ်ပင်တွေကို လိုက်လံထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပန်းရံဆရာ

ဒီဇင်ဘာ ၁၃ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အိုဟစ်ဆာတာဟာ ၎င်းရဲ့ စီမံကိန်းကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ပန်းရံဆရာ အိုဟစ်ဆာတာဟာ စက်ဘီးလေးတစ်စီးနဲ့ မြို့အနှံ့လျှောက်သွားပြီး သစ်ပင်တွေပေါ်က သံတွေကို လိုက်လံဖယ်ရှားနေတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကြော်ငြာ၊ ဆိုင်းဘုတ်တွေကို ချိတ်ဆွဲဖို့ အပင်တွေပေါ်မှာ သံရိုက်လေ့ရှိကြတာဖြစ်ပါတယ်။

သစ်ပင်များအား သံရိုက်ထားသည့်အတွက် အပင်သေဆုံးကြောင်း၊ အပင်များအနေဖြင့် လူသားများကဲ့သို့ အသက်ရှိကြောင်း အိုဟစ်ဆာတာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ အပင်အားလုံးကို ပြန်လည်ကယ်တင်ဖို့ ရည်မှန်းထားကြောင်း၊ အပင်တွေကို ထိန်းသိမ်းဖို့ တခြားလူတွေကိုပါ အသိပညာဖြန့်ဝေသွားမှာဖြစ်ကြောင်း ၎င်းကဆက်ပြောပါတယ်။

အပင်တွေကို ချစ်မြတ်နိုးတဲ့ အိုဟစ်ဆာတာဟာ အပင်တွေ များပြားလာအောင် စိုက်ပျိုးခဲ့ရာမှ စိုက်ပျိုးနေရုံနဲ့ မလုံလောက်တာကို သိရှိလာပြီးနောက် အပင်တွေပေါ်မှာ ရိုက်ထားတဲ့ သံတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လိုက်လံဖယ်ရှားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly