မကွေးတိုင်းတွင် ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဆရာ ဆရာမ (၇၀၀၀)ကျော် လိုအပ်နေ

မကွေးတိုင်းတွင် ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဆရာ ဆရာမ (၇၀၀၀)ကျော် လိုအပ်နေ

မကွေး၊ ဒီဇင်ဘာ ၁၃ ။           ။ မကွေးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် မူလတန်း အလယ်တန်း အထက်တန်း ကျောင်း များ၌ ခန့်အပ်ရန် လိုအပ်သည့်ဆရာဦးရေ (၇၀၀၀)ကျော်အထိရှိကြောင်း တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

မကွေတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် မူလတန်းကျောင်း(၁၁၂၅)ကျောင်းအတွက် ဆရာ၊ဆရာမ(၁၆၉၈)ဦး၊အလယ်တန်းကျောင်း(၁၇၅၈)ကျောင်းအတွက် ဆရာ၊ဆရာမ (၃၆၅၇)ဦး၊ အထက် တန်းကျောင်းအတွက် ဆရာ၊ဆရာမ (၁၉၆၃)ဦး လိုအပ်နေပြီး၊ စုစုပေါင်း စာသင်ကျောင်း (၃၃၁၅) ကျောင်း အတွက် လိုအပ်နေသည့်ဆရာ ဆရာမ (၇၃၁၈)ဦးရှိကြောင်း တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မြင့်ကပြောသည်။

လက်ရှိ တိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ်အတွက် မူလတန်းအဆင့် ပညာသင်ဆရာ ဆရာမ (၂၁၃၅၈) ဦး၊ အလယ်တန်းအဆင့် ပညာသင်ဆရာ ဆရာမ(၁၀၉၄၇)ဦး၊ အထက်တန်းအဆင့်ပညာသင်ဆရာ ဆရာမ(၄၀၈၅)ဦး၊ စုစုပေါင်းဆရာ ဆရာမ(၃၆၃၉၀)ဦးမှ ပညာသင်ကြားပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။

တိုင်းဒေသကြီးအတွင်း မူလတန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူဦးရေ (၃၆၅၂၆၆)ဦး၊ အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ (၂၆၅၉၄၈)ဦး၊ အထက်တန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ (၉၈၇၆၁)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၇၂၉၉၇၅)ဦး ပညာသင်ကြားနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အထက်တန်ကျောင်း(၂၄၃)ကျောင်း၊ အထက်တန်းကျောင်းခွဲကျောင်း (၂၆၂) ကျောင်း၊ အလယ်တန်းကျောင်း (၆၄၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲကျောင်း(၅၆၃)ကျောင်း၊ မူလွန် ကျောင်း (၆၈၁)ကျောင်း၊ မူလတန်ကျောင်း(၁၈၁၈)ကျောင်း၊မူလတန်းခွဲကျောင်း(၁၅၀)ကျောင်း စုစုပေါင်း စာသင်ကျောင်း (၄၃၆၁)ကျောင်းရှိပြီး လိုအပ်နေသည့် ဆရာ ဆရာမများ ခန့်ထားနိင်ရေးအတွက် စိစစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြင့် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly