ချောကလက် ထပ််ပိုးလွှာ ခင်းပြီးသားဖြစ်ပွားတဲ့ ဂျာမနီ မြို့တစ်မြို့ ကားလမ်းမများ

ချောကလက် ထပ််ပိုးလွှာ ခင်းပြီးသားဖြစ်ပွားတဲ့ ဂျာမနီ မြို့တစ်မြို့ ကားလမ်းမများ

ဘာလင်၊ ဒီဇင်ဘာ ၁၃ ။              ။ ခရစ္စမတ်ကာလမှာ ချောကလက်တွေ အဝယ်လိုက်တာကတော့ ပုံမှန်ပါပဲ။ ဒါကြောင့် ချောကလက်စက်ရုံတွေဟာ ချော်ကလက်တွေကို ပိုမိုထုတ်လုပ်ကြပါတယ်။

ဒါပေမယ့် ဂျာမနီက စက်ရုံတစ်ရုံကတော့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားပြီး ချောကလက်တွေ စက်ရုံပြင်ဖက်ကို အရည်ပျော်စီးဆင်းလို့ လမ်းတွေပေါ် ဖုံးလွှမ်းသွားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေအထိ ဖြစ်ခဲ့ရပါတယ်။

ဝတ်စ်တန်နန်မြို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညမှာတော့ လမ်းတွေပေါ်  ချောကလက်ထပ်ပိုးလွှာကို မြင်တွေ့ကြရပါတယ်။

DreiMeister စက်ရုံမှာ သိုလှောင်ကန် ပျက်တာကြောင့် ချောကလက်တွေ ခုလို ချော်ကလက်တွေ စက်ရုံအပြင်ဖက်ကို စီးဆင်းကျလာတော့တာပဲ ဖြစ်ပါတယ်။

ည ၈ နာရီလောက်မှာ စက်ရုံကနေ ချောကရည် အရည်ပျော်တွေ ဝေါခနဲ စီးဆင်းပြီး လမ်းတွေမှာ ဖုံးလွှမ်းတာကြောင့် မီးသတ်ကို လှမ်းခေါ်ပြီး အကူအညီ တောင်းကြတာပါ။

လမ်းမတွေပေါ် ချောကလက်တွေ ခဲသွားတာကြောင့် တော်တော်လေး ခက်ခက်ခဲခဲ ဖယ်ရှားရှင်းလင်းခဲ့ရတော့တာပဲ ဖြစ်ပါတယ်။

ချောကလက်ထပ်ပိုးလွှာ ခင်းမိသွားတဲ့ လမ်းတွေကို နှစ်နာရီကြာ ပိတ်ထားပြီး ရှင်းလင်းခဲ့ရတာပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly