ကြံခင်းမြို့နယ် မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်သည့် မြေဧက ၅၀၀ ကျော်ကို ဇန်နဝါရီလအတွင်း ပြန်ပေးမည်

ကြံခင်းမြို့နယ် မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်သည့် မြေဧက ၅၀၀ ကျော်ကို ဇန်နဝါရီလအတွင်း ပြန်ပေးမည်

ပုသိမ်၊ ဒီဇင်ဘာ ၁၃ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်မြေဧရိယာ ၅၀၃ ဧကအား တောင်သူ ၁၈၇ ဦးအား လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

"ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်က မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်မြေမှာ လမ်းမြေတို့ ၊ အင်းအိုင်မြေတို႔ ဖယ်ပြီးတော့ ၅၀၃ ဧကကို ၂၀၁၉ခု နှစ် ဇန်နဝါရီလအတွင်း တောင်သူ၁၈၇ ဦးကို ပေးအပ်နိုင်ရေးအတွက်၊ ပုံစံ-၇ တွေ ပေးအပ်နိုင်ရေးအတွက် မြေစစ်ကော်မတီတို့၊ လယ်စီကော်မတီ ကျေးရွာ၊မြို့နယ်၊ခရိုင်ကော်မတီတို ့စီမံဆောင်ရွက်နေပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

လယ်ယာမြေ ပြန်ရရှိရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ 

“အကြောင်းအမျိုးမျိုးကြောင်း သိမ်းဆည်းခံရတဲ့မြေတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပြန်လည်စွန့်လွှတ်တာ ဖြစ်ပါတယ်၊စွန်႔လွှတ်တဲ့အခါမှာလည်း မူလလက်ငုပ်နဲ ့လက်ရှိလက်ငုပ် အမျိုးမျိုး ပြဿနာတွေ ရှိနေပါတယ်၊တောင်သူလယ်ဝယ် မြန်မြန်ဆန်ဆန်ရရှိဖို ့ယာယီလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ-၃ တွေ တကယ်ခိုင်မာသွားပြီး ပြဿနာလည်းမရှိတော့ဘူးဆိုရင် ပုံစံ-၇ တွေ ထုတ်ပေးနေပါတယ်”ဟု တိုင်းလယ်ယာမြေစီမံခန်႔ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၃ ဆိုသည်မှာ မြေစစ်မူအရ ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အား လယ်ယာမြေစီမံခန်႔ခွဲမှုအဖွဲ႔မှ ထုတ်ပေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့င ဖျာပုံမြို့နယ်၊ကြက်ဖမွှေးဇောင်းစိုက်ကွင်းတွင် ဧရိယာ ၅၈၆ ဧကကို တောင်သူ ၁၉၆ ဦးနှင့်ကျုံကဒွန်းစိုက်ကွင်းတွင် ဧရိယာ ၆၇၇ ဧကအား တောင်သူပေါင်း ၂၂၆ ဦး၊ညောင်တုန်းမြို့နယ်၊ မြမ္မာပြဿကျေးရွာအုပ်စုတွင် ၉၀၅ အင်ဂျင်နီယာတပ်မှ စွန့်လွှတ်မြေ ၇၃ ဧကအား တောင်သူ ၆၂ ဦးအား၄င်း၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ပြန်လည်စွန့်လွှတ်မြေ ၈၄ ဧက အား တောင်သူ ၄၅ ဦးအား ပြန်လည်ပေးအပ်ခဲ့သည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရသစ်လက်ထက်တွင် ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေများကို တောင်သူ ၁၀၁၅ ဦးအား လယ်မြေ ၈၃၄၃ ဧက ပြန်လည်ပေးအပ်ပြီးဖြစ်သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly