အယုံအကြည် မရှိ အဆိုတင်သွင်းခံရလို့ ခေါင်းဆောင်အပြောင်းအလဲဖြစ်ရင် ဘရစ်ဇစ်အရေး နှောင့်နှေးသွားနိုင်လို့ ထရီဆာမေ သတိပေး

အယုံအကြည် မရှိ အဆိုတင်သွင်းခံရလို့ ခေါင်းဆောင်အပြောင်းအလဲဖြစ်ရင် ဘရစ်ဇစ်အရေး နှောင့်နှေးသွားနိုင်လို့ ထရီဆာမေ သတိပေး

လန်ဒန််၊ ဒီဇင်ဘာ ၁၂ ။              ။ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေဟာ ၎င်းရဲ့ ကွန်ဆာဗေးတစ်ပါတီတွင်းက လက်ယာယိမ်းသမားတွေရဲ့ အယုံအကြည် မရှိ အဆိုတင်လာမှာကို ရင်ဆိုင်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောလာပါတယ်။

ဒါအပြင်လည်း လက်ရှိအချိန်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ခဲ့ရင် အီးယူကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်အရေးဟာ နှောင့်နှေးသွားရလိမ့်မှာလို့လည်း သတိပေးပါတယ်။

ဘရစ်ဇစ်အရေးမှာ သဘောထားမမျှဘဲ အပေးအယူ လိုက်ညှှိနေရတာက ဗြိတိန်ရဲ့ အနာဂတ်ကို အန္တရာယ်ပေးလာနိုင််တယ်လို့ ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ အပြင််ဖက်မှာ သတင်းထောက်တွေကို ထရီဆာမေက ပြောပါတယ်။

“ကွန်ဆာဗေးတစ် ပါတီမှာ ခုနေ ခေါင်းဆောင် အပြောင်းအလဲ လုပ်တာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကို ဘေးဆိုက်အောင် လုပ်တာပဲ ဖြစ်လိမ့်မယ််။ မရေရာ မသေချာမှုတွေကို ဖန််တီးလာလိမ့်မယ်။”လို့ ဝန်ကြီးချုပ် အိမ်တော်ရာ အပြင်ဖက်မှာ တက်သုတ်ရိုက်စီစဉ်လိုက်တဲ့ မိန့်ခွန်းပြောဆိုမှုအတွင်း ထရီဆာမေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဝန်ကြီးချုပ် ထရီဆာမေအနေနဲ့ အီးယူခေါင်းဆောင်တွေနဲ့ ရရှိထားတဲ့ ဘရစ်ဇစ်သဘောတူညီမှုကို ဗြိတိိန်လွှတ်တော်က အတည်ပြုချက်ရရေး လုံးပမ်းနေရတာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက် အတည်ပြုနိုင်ဖို့ လွှတ်တော်မှာ ကွန်ဆာဗေးတစ် အမတ် အနည်းဆုံး ၁၅၈ ဦးရဲ့ ထောက်ခံမှုလိုအပ်ပြီး စိန််ခေါ်မှုတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly