ရုရှဗုံးကြဲတိုက်လေယာဉ်တွေ ဗင်နီဇွဲလားဆီ စေလွှတ်တာကို ဝေဖန်၍ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်

ရုရှဗုံးကြဲတိုက်လေယာဉ်တွေ ဗင်နီဇွဲလားဆီ စေလွှတ်တာကို ဝေဖန်၍ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်

မော်စကို၊ ဒီဇင်ဘာ ၁၂ ။             ။ ဗင်နီဇွဲလားနိုင််ငံဆီ တိုက်လေယာဉ်တွေ စေလွှတ်ဖို့  ရုရှဟာ ပြည်သူ့ရန်ပုံငွေတွေ ဖြုန်းတီးခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပေါ်ပေါ်ထင်ထင် ဝေဖန်ပြီးနောက်မှာတော့ အမေရိကန်နဲ့ ရုရှကြား တင်းမာမှုတွေဟာ အင်္ဂါနေ့မှာ ဆက်လက်မြင့်တက်နေခဲ့ပါတယ်။

ရုရှက Tu-160 ဗုံးကြဲလေယာဉ်တွေ ဗင်နီဇွဲလားဆီ စေလွှတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စွပ်စွဲပြောဆိုတာတွေဟာ ကြောင်သူတော်ဟန် ဖမ်းတာဖြစ်ပြီး မှန်လည်း မမှန်ကန်ဘူးလို့ ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီပီစကော့ဗ်က တုံ့ပြန်ပြောဆိုပါတယ်။

“ရုရှအစိုးရဟာ ကမ္ဘာတစ်ဝက်ကို ပတ်ပြီး ဗင်နီဇွဲလားဆီ ဗုံးကြဲလေယာဉ်တွေ စေလွှတ်ခဲ့တယ်။ ရုရှနဲ့ ဗင်နီဇွဲလားက ပြည်သူတွေအနေနဲ့ ဒါဟာ အကျင့်ပျက် အစိုးရနှစ်ရပ်က ပြည်သူ့ရန်ပုံငွေတွေကို ဖြုန်းတီးပစ်တာလို့ မြင်သင့်တယ်။ ပြည်သူတွေ ခံစားနေရချိန်မှာ  ခုလို အပိုဖြုန်းတာပဲ ဖြစ်တယ်။”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက တွစ်တာမျှာ ရေးသား ဖော်ပြပါတယ်။

အဲဒီ ပွန်ပီယိုရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး အဆီအငေါ် လုံးဝမတည့်တဲ့ သံတမန်လည်း လုံးဝမဆန်တဲ့ ပြောစကားတွေပဲလို့ ပီစကော့ဗ်က တုံ့ပြန်ထားပါတယ်။

ရုရှနဲ့ ဗင်နီဇွဲလားဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာရေးကို သဘောတူခဲ့ပါတယ်။ ဗင်နီဇွဲလား အစိုးရနဲ့ နီးစပ်တဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ရုရှက အတည်ပြု ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly