ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ။ အပိုင်း ( ၁ )

By ကိုမျိုးသန့်(မဇ္စျိမ)
12 December 2018
ဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပဋိဇီဝဆေးတွေကို ဘယ်လိုသောက်သင့်သလဲ ။ အပိုင်း ( ၁ )

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။   ဒီနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ဆေးယဉ်ပါးမှု ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံနဲ့ ကမ္ဘာပေါ်မှာလည်း အဖြစ်များတယ်လို့ ဆိုကြပါ တယ်။   ယခုဆွေးနွေးပွဲမှာပါဝင်သူများကတော့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Dr . Stephan Paul Jost  ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့   ဒေါက်တာ မြရည်မွန် ဖြစ်ပါတယ်၊ ဆရာမ ဆိုရင်လည်း WHO ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ယောက်ကတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွန်ကြားရေးမူးချုပ် ပါမောက္ခဒေါက်တာ ဒေါ်ဌေးဌေးတင် ဖြစ်ပါတယ်၊ ဆရာမက အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကော်မတီရဲ့ အတွင်းရေးမူးပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့4R Health Talk အစီအစဉ်ကို ကမကထ ပြုပေးနေတဲ့ Mr.Ravind Jain ဖြစ်ပါတယ်၊ သူကတော့ 4R Consultancy Limited ရဲ့ Managing Director  ဖြစ်ပါတယ်ခင်ဗျား။  

 Mr.Ravind Jain ။ ။   ကျွန်တော်တို့ နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့ဟာ ဒီကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ ရက်သတ္တပတ် ဖြစ်တာနဲ့ အညီ ဒီပဋိဇီဝ ဆေးဆိုင်ရာပေါ့နော် ဆေးယဉ်ပါးမှုကို ကျွန်တော်တို့ အသိပညာပေးဖို့ မဇ္စျိမတီဗီနဲ့ ကျွန်တော်တို့ ဒီ 4R Consultancy Company Limited တို့က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ် ။ အဲ့ဒီတော့ ကျွန်တော်တို့ ပဋိဇီဝဆေး တွေကို   ခုနကပြောတဲ့ misuse ပေါ့ဗျာ၊ အသုံးမလိုဘဲနဲ့ သုံးနေတာရှိနေတယ်၊ အဲ့ဒီတော့ ဒီဆေးယဉ်ပါးမှု ပြဿနာဟာ မြန်မာအပါအဝင် အိန္ဒိယနိုင်ငံတွေမှာလည်း တော်တော်များများ ဖြစ်နေတဲ့အတွက်  ဆွေးနွေးပွဲကတော့ အင်မတန်မှ အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ် ၊ နောက်တစ်ခုကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းဖြစ်တာနဲ့ အညီ ကျွန်တော်တို့ ပဋိဇီဝဆေး ယဉ်ပါးမှု မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီဆွေးနွေးပွဲကို တက်ရောက် ပြီးတော့ ဆွေးနွေးပေးကြတဲ့ Dr . Stephan Paul Jost  နဲ့ ဆရာမ ဒေါ်ဌေးဌေးတင်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျား။

 ဦးမျိုးသန့် ။ ။ ပထမအနေနဲ့ ဆရာမဒေါ်ဌေးဌေးတင်ကို ကျွန်တော်မေးပါရစေ။ ဆရာမခင်ဗျား ဒီပဋိဇီဝဆေး ယဉ်ပါးတယ် ဆိုတာပေါ့နော်၊ ဆေးယဉ်ပါးတယ်လို့ပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ကြားနေရတယ်၊ ဒါပေမယ့် လူတွေအနေနဲ့ အလေးထားတာမရှိဘူး၊ ဒါပေမယ့် ဆေးယဉ်ပါးတယ် ဆိုတာ ကျွန်တော်လည်း နားမလည်ဘူးပေါ့နော် ဆိုတော့ အဲ့ဒါလေး ဆရာမပြောပြပေးပါခင်ဗျား။

ဖြေ။ ။ ပဋိဇီဝဆေး ဆိုတာကတော့ ပထမဦးဆုံး ပနယ်ဆလင် ဆိုပြီးတော့ ၁၉၁၀ မှာပေါ့နော် အလက်ဇန္ဒြားဖလဲမင်း ကနေ စပြီးတော့ တွေ့ရှိခဲ့တာ၊ အခုဆိုရင် ပဋိဇီဝဆေးကို သုံးစွဲခဲ့တာသည် ကျွန်မတို့ နှစ်ပေါင်း ကိုးဆယ်လောက်ရှိခဲ့တယ်ပေါ့နော်။ အဲ့ဒီတော့ အရင်တုန်းက ကုသလို့ ပျောက်တဲ့ ရောဂါတွေ ဒီဆေးနဲ့ တိုးခဲ့တဲ့ရောဂါတွေ ရှိခဲ့တယ်၊ အခုနောက်ပိုင်းမှာ ရောဂါများသည် ဒီဆေးကို ယဉ်ပါးလာတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါတွေကိုယ်နှိုက်ကလည်း လူ့ခန္ဓာကိုယ်ထဲမှာ တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်ထဲမှာ အပင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာကြာနေနိုင်ဖို့ သူတို့ကလည်း မျိုးရိုးဗီဇတွေ ပြောင်းလဲပြီးတော့ သူတို့ကနေ ထူးခြားတဲ့ အင်ဇိုင်း တွေကို ထုတ်လာကြတယ်။ အဲ့ဒါလည်း တစ်မျိုးဖြစ်သလို ကျွန်မတို့ သုံးစွဲသူတွေဖက်ကလည်း၊ ခုန ဆရာပြောခဲ့တဲ့ misuse ပေါ့။ misuse ဆိုတာကတော့ mis ဆိုတဲ့အတွက်ကြောင့်မို့လို့ မသုံးသင့်ဘဲသုံးတယ်၊ သုံးသင့်တာထက် လျှော့သုံးတယ်၊ သုံးသင့်တာထက် ပိုသုံးတယ်။ ဒီအကြောင်းတရားတွေ အကုန်လုံး ပေါင်းစုံသွားတဲ့ အခါမှာ ပျောက်နေကြရောဂါသည် ငါးရက်နဲ့ ပျောက်မှာ မပျောက်ဘူး၊ တစ်ပတ်နဲ့ ပျောက်မှာမဟုတ်ဘူး၊ ဒီဆေးကို အရင်က ဒီရောဂါပဲ ပျောက်ခဲ့တယ် အခုမပျောက်ဘူး ဒါမျိုးတွေ ဖြစ်လာတာကို ကျွန်မတို့က ပဋိဇီဝဆေး ယဉ်ပါးလာတယ်လို့ ဆိုပါတယ်၊ ပဋိဇီဝဆေးယဉ်ပါးတဲ့ အန္တရာယ်ဟာ ဆင်းရဲ ချမ်းသာ နိုင်ငံမရွေးဘူး၊ ဖွံ့ဖြိုးပြီး၊ ဖွ့ံဖြိုးဆဲ နိုင်ငံမရွေးဘူး ကျား/မ မရွေးဘူး၊ အသက်အရွယ်မရွေးဘူး၊ ရောဂါမရွေးဘူး၊ ဒါဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်ဆိုတာကို အရမ်းအရေးကြီးတဲ့ အန္တရာယ်အနေနဲ့ ကျွန်မတို့ သတ်မှတ်ပြီးတော့ လုပ်ငန်းစဉ်များကို သေသေချာချာလုပ်ဆောင် လာရခြင်းပဲ ဖြစ်ပါတယ်။

မေး။ ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ရော ဆေးယဉ်ပါးမှု ပြဿနာက ဘယ်လောက်ထိ ကြီးကျယ်နေပြီလဲဗျ။

ဖြေ။ ။ ကျွန်မတို့ မြန်မာနိုင်ငံအနေနဲ့ကတော့ ပဋိဇီဝဆေးယဉ်ပါးမှုရဲ့ အန္တရာယ်ကို  အများပြည်သူ နားလည်အောင်ပေါ့နော်၊ ဆေးပညာအသုံးနှုန်းတွေကို တတ်နိုင်သလောက် နည်းနည်းချင်းပြောမယ် ဆိုရင် ပျောက်နေကျရောဂါတစ်ခုမှာ ကျွန်မတို့ စတက်ပတိုကီးကပ်စ်  လို့ခေါ်ပါတယ်၊ အဲ့ဒါကတော့ ပုံမှန်အားဖြင့် ဝက်ခြံတင်းတိတ်ကလေး ဝက်ခြံလေးတွေကနေ စပြီးတော့ သွေးအဆိပ်တက်တာ အထိ ဖြစ်နိုင်တယ်၊ ဒါမျိုးတွေကို မပျောက်တော့တဲ့ အန္တရာယ်ပေါ့ အခုက ၃၅ ရာခိုင်နူန်းလောက်အထိ တွေ့လာရတယ်။ နောက်တစ်ခုကကျတော့ ပုံမှန်ပျောက်နေကျ အူလမ်းကြောင်းတို့၊ အသက်ရှူ လမ်းကြောင်းတို့၊ နောက်တစ်ခုက ဆီးလမ်းကြောင်း ပိုးဝင်တာမှာ ဖြစ်တတ်တဲ့ ရောဂါမျိုးတို့ ဥပမာ ဖြစ်နေကျ ရောဂါဆိုရင် မပျောက်တဲ့ဟာသည် ၄၈ ရာခိုင်နူန်းတွေ့ရတယ်၊ ဆိုတော့ ၃၅ ဆို သုံးပုံတစ်ပုံ၊ နှစ်ပုံ တစ်ပုံလောက်သည် ပျောက်နေကျဆေးကို မပျောက်တော့ဘူး။ ဒါပေမယ့် တိကျတဲ့ ရာခိုင်နှုန်းရယ်လို့တော့ ကျွန်မတို့  ဆေးရုံကြီးတွေရဲ့ ဓာတ်ခွဲခန်းတစ်ချို့ရဲ့ ဒေတာကိုပဲ ယူပြီးတော့ ပြောထားတာပါ၊ ပုဂ္ဂလိက ဆေးရုံတွေရဲ့ ဒေတာတို့ တစ်ပြည်လုံးရဲ့ ဒေတာအနေနဲ့တော့ မဟုတ်ပါဘူး၊ ပိုမယ်ဆိုရင်လည်း ပိုနိုင်သလို အနည်းငယ်လည်း လျှော့သွားနိုင်တယ်။

မေး။ ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ပေါ့နော် အမျိုးသားအဆင့် ပဋိဇီဝဆေး ယဉ်ပါးမှု တိုက်ဖျက်ရေးကော်မတီ ဆိုပြီးတော့ ဆရာမကိုယ်တိုင်အတွင်းရေးမှူး အနေနဲ့ ပါဝင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီနိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ WHO အနေနဲ့ရော ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဒီဆေးယဉ်ပါးမှု ပြဿနာကို ဘယ်လိုလုပ်ပေးနေပါသလဲ  ခင်ဗျား။

 Dr . Stephan Paul Jost  ။ ။   WHO ကို ပထမဦးဆုံး ဒီလိုအရေးကြီးတဲ့မေးခွန်းကို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ပြီးတော့ ဒီလိုမျိုးနေရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကကျတော့ WHO အနေနဲ့ဆိုရင် ဒီဆေးယဉ်ပါးမှု ပြဿနာဟာ အင်မတန်အရေးကြီးတဲ့ ဒီပြဿနာကိုပေါ့နော်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေပါတယ်။ ဒီလိုကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တိုင်းသာမက WHO အနေနဲ့ တစ်ခြားသော ပါတနာတွေဖြစ်တဲ့ ဒီနေရာမှာဆိုလို့ရှိရင် FAO လို့ခေါ်တဲ့ စိုက်ပျိုးရေးနဲ့ ပေါ့နော်၊ တိရစ္ဆာန် ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FAO၊ နောက်တစ်ခါကျတော့ ORE လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်းကြီးပေါ့။ အဲ့ဒီအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီးတော့ ဒီကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေပါတယ်၊ ဒါတစ်ခု။ နောက်ခုကကျတော့ ခုနက ဆရာမပြောခဲ့သလိုပေါ့နော်၊ ဒီ antibiotic ပိုးသတ်ဆေးတွေ ပေါ့နော်၊ မလိုအပ်ဘဲနဲ့ သုံးစွဲနေတယ်၊ ဒါတွေဆိုလို့ရှိရင် တကယ်ကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမယ် နောက်ပြီးတဲ့အခါကျတော့ အဲဒါမျိုးတွေမှာလည်း ဆောင်ရွက်ပေးနေပါတယ်။ နောက်တစ်ခုကတော့ WHO အနေနဲ့ ဆိုလို့ရှိရင် ဒီလိုမျိုး၊   ဒီအရေးကြီးတဲ့ အသိပညာပေးပေါ့နော်၊ မြှင့်တင်ရေးပေါ့၊ အဲ့ဒါမျိုးတွေကို တိုင်းပြည်တစ်ဝန်းဆောင်ရွက်ပေးနေပါတယ်။ နောက်ပြီးတော့ surveillance လို့ခေါ်တဲ့ ဆေးယဉ်ပါးမှုဆိုရာ အချက်အလက်ပေါ့ ဘယ်လောက်ဖြစ်နေပြီလဲ၊ ဘယ်လိုအခြေအနေရှိသလဲ ဘယ်လောက်တောင်တက်သွားပြီလဲ စသည်အားဖြင့် စောင့်ကြပ်ကြည့်ရှုတဲ့ စနစ်ပေါ့၊ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့လည်းပဲ WHO အနေနဲ့ ပံ့ပိုးပေးနေပါတယ်။ နောက်တစ်ခုကကျတော့   ဒီဆေးယဉ်ပါးမှု ပြဿနာမှာ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ တကယ်ကို အစဉ်အလာ အလေ့အကျင့်ကောင်းတွေ အဲ့ဒါတွေကို နိုင်ငံတစ်ခုနဲ့ တစ်နိုင်ငံအချင်းချင်းမျှဝေပေးနိုင်အောင်၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မျှဝေပေးနိုင်အောင် ဒါမျိုးတွေ လုပ်ဆောင်နေပါတယ်။ နောက်တစ်ခုကကျတော့ ဆေးယဉ်ပါးမှု ပြဿနာတွေကို ပြည်သူလူထုကြား မှာ ပိုပြီးတော့ ထဲထဲဝင်ဝင်သိလာအောင် အသိပညာမြှင့်တင်ပေးတာတွေလည်း ဆောင်ရွက်ပေးနေပါ တယ်။

မေး။ ။ ဆရာမဒေါ်ဌေးဌေးတင်ကို ကျွန်တော်တစ်ဆက်တည်း မေးပါရစေ၊ ခုန ဆရာမပြောသွားတဲ့ အထဲမှာ  မလိုအပ်ဘဲနဲ့ သုံးလိုက်တာပေါ့နော်၊ ပြီးလို့ရှိရင် ပိုပြီးတော့သုံးတာ လျှော့ပြီးတော့ သုံးတာ အစရှိတာအပြင် ကျွန်တော်တို့ နောက်ထပ်ပြဿနာရှိတာက ဘာလဲဆိုတော့ ဆရာဝန်ညွန်ကြားချက် မပါဘဲနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲ ဆေးခန်းတွေမှာ ဆေးတွေကို အလွယ်တကူဝယ်ယူလို့ရနေတဲ့ ပြဿနာတွေကလည်း ရှိနေတာဆိုတော့ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ ဆေးယဉ်ပါးမှု ဘယ်လိုဖြစ်တာလဲ ဆိုတာလေး ကျွန်တော်တို့ကို ပြောပေးလို့ရမလားခင်ဗျား။

ပါမောက္ခဒေါက်တာဒေါ်ဌေးဌေးတင် ။ ။ ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်လာတာ အခြေခံ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့ ၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပဋိဇီဝဆေးကို အလွယ်တကူလေး ဝယ်လို့ရနေတဲ့ အချက်ကလည်း အင်မတန်အရေးကြီးတဲ့ အချက်ပါ။ လွယ်လင့်တကူရတယ်ဆိုတာကတော့ စောစောထဲကတော့ ကျွန်မတို့က အဲ့ဒီပဋိဇီဝဆေးဆိုတာက ညွန်ကြားချက်ပါမှသာ သောက်ရမယ့် ဆေးအမျိုးအစားဖြစ်ပါတယ်။ ဒါကိုလည်း တိတိလင်းလင်းလည်း ပြောထားပြီးသားပါ၊ သို့သော်လည်းပဲ ဆေးကို ညွန်ကြားတဲ့သူတွေ အမျိုးအစားကလည်း ခုနဆရာဝန်လည်း ညွန်ကြားကြတယ် ၊သူနာပြုလည်း ညွန်ကြားတယ်၊ တိရစ္ဆာန်ဆရာဝန်များလည်း ညွန်ကြားတယ်၊ သွားဆရာဝန်ကြီးများလည်း ညွန်ကြားကြတယ်ပေါ့။ အဲ့ဒီညွန်ကြားထားတဲ့အခါမှာ ဒီဆေးတွေကို ရရှိနိုင်တဲ့ နေရာတွေကလည်း ဆေးဆိုင်တွေမှာလည်း ရရှိတော့၊ တစ်ခါ တစ်ခါမညွှန်ကြားဘဲနဲ့လည်း လူနာတွေက မိမိလက်ထက်မှာ ဥပမာ အားဖြင့် လက္ခဏာတူပေါ့၊ နှာမွှန်ချောင်းဆိုးတယ် ၊ဒါတုတ်ကွေးပဲ တုတ်ကွေးဆိုလို့ရှိရင် ကျွန်မတို့က Virus ဆိုရင် Antibiotic မလိုဘူး Virus သည် သူ့ကိုယ်ခံအားနဲ့သူ နှစ်ရက်၊ သုံးရက်ဆို  ပျောက်သွားမယ်၊ သို့သော်လည်းပဲ မြန်မြန်ပျောက်ချင်တယ် သွားစရာရှိတယ် လာစရာရှိတယ် Antibiotic ပေးပါဆိုပြီးတော့ ဆရာဝန်တွေကို တစ်ခါတစ်လေကျရင် Presure  ပြန်ပေးတယ်၊ ဆရာဝန်ကလည်း ညွန်ကြားလိုက်တယ်၊ တစ်ခါတစ်လေကျတော့ မညွန်ကြားဘူး၊ ငါအရင်တစ်ခေါက်က ဒီလက္ခဏာကို ဒီဆေးနဲ့ ပျောက်တာပဲ ဒီတစ်ခေါက်လည်း ဒီဆေးနဲ့ သွားသောက်လိုက်မယ်၊ အဲ့ဒါနဲ့ မိမိကိုယ်တိုင် မိမိသွားဝယ်ကြတယ်။ အဲ့ဒီတော့ ဆေးဆိုင်ကလည်း ရောင်းပေးလိုက်ကြတယ်၊ ဆေးဆိုင်မှာ ဆေးရောင်းတာက အမှန်ကတော့ ကျွမ်းကျင်ပညာရှင်ပေါ့ pharmacist လို့ခေါ်တဲ့သူတွေကလည်းပဲ အဓိကဆေးညွန်ကြားရမှာ၊ ဒါပေမယ့် Educated non pharmacist တွေကလည်း ဆေးတစ်ချို့ကို ညွန်ကြားပြီးတော့ ရောင်းတယ်၊ ဒီလိုအချက်ကလေးတွေကလည်းပဲ ဆေးကို အလွယ်လင့်တကူရရှိ နေတာပါ၊ ဒါလည်း ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရှေ့လျှောက် ဒီလုပ်ငန်းကို သိမ်သိမ်မွေ့မွေ့ ကောင်းကောင်းမွန်မွန်နဲ့ ကိုင်တွယ်သွားဖို့ အစီအစဉ် ကောင်းများလည်း ရှိပါတယ်ရှင့်။

မေး။ ။ တစ်ဆက်တည်းမှာပဲ မေးချင်တာက၊ ဒါကတော့ လူကိုယ်တိုင်ဖန်တီးတဲ့ ဆေးယဉ်ပါးမှုပြဿနာ ပေါ့နော်။ ဆိုတော့ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ တစ်ခြားရော သဘာဝအလျှောက်ရော သူ့ဘာသူဖြစ်နိုင် လား၊  ဘယ်လို အကြောင်းအချင်းအရာကလည်း ဖြစ်နိုင်လဲ။

ဖြေ။ ။ သဘာဝတော့ ခုနပြောခဲ့သလို ဗစ်တီးရီးယားတွေက သူတို့က မိမိခန္ဓာကိုယ်ထဲမှာ ကြာကြာနေနိုင်ဖို့ သူတို့က အင်ဇိုင်းပေါ့ ဗီတာလက်တင် အင်ဇိုင်းဆိုတာ ထုတ်လုပ်ကြတယ်။ အဲ့ဒီတော့ ကျွန်မတို့က ဗီတာလက်တနစ်   ဆိုတဲ့ Antiiotic အသစ်ကို ထွင်ပြန်ရော၊ ထွင်တော့ အဲ့ဒီ ဗီတာလက်တနစ် အင်ဇိုင်းက အရင်က ဒီအင်ဇိုင်းကို ဒီ Antibiotic က မကြောက်ဘဲ ကုလို့ရတယ်၊ အခုတစ်ခါမရတော့ဘူး။ အင်ဆိုင်း တွေကလည်း အမျိုးမျိုး genetic engineering ၊ genetic mutation ပေါ့၊ gene တွေက   အမြဲတမ်း ဗက်တီးရီးယားတွေကပြောင်းပြောင်းပြီးတော့ သူတို့ မသေနိုင်အောင် သူတို့ ရေရှည်နေနိုင်အောင် သူတို့ကနေ ထုတ်လာကြတယ်။ နောက်တစ်ခုက ခုနတုန်းက လူ့ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေးအပြင်၊ ကျန်းမာရေးက ကျွန်မတို့က တကယ်တော့ ကျန်းမာရေးက တစ်ခုတည်းရှိတယ်။ One Health ပဲရှိတယ် ကျွန်မတို့ ကျန်းမာရေးက ကျွန်မတို့စားတဲ့ အစားအအသောက်က save မဖြစ်ရင် ကျွန်မတို့က မကျန်းမာပြန်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့က ကိုင်တွယ်တဲ့ စွန့်ပစ်တဲ့ စွန့်ပစ်ပစ္စည်း waste တွေ။ တစ်ခါ တိရစ္ဆာန်တွေကနေပြီးတော့စားတာ၊ အဲ့ဒီကနေ လည်သွားတာပဲ ခုနလူလုပ်တာမဟုတ်ဘဲနဲ့ သဘာဝရဲ့ စက်ဝန်းကပဲ ဒီဟာကို သယ်ဆောင်သွားတဲ့ ကိစ္စလေးတွေလည်း ဆေးယဉ်ပါးမှုကို ထိန်းချုပ်ရတာ အနည်းငယ် ခက်နေတယ်။ ဒါကြောင့်မို့လို့ သူက တော်တော်လေးကို sensitive issue ထဲမှာ ပါတယ် ၊ ထင်ရတယ်ဆိုတာလည်း ဧရိယာတစ်ခုတည်းပဲ သွားထိန်းလို့လည်း မရပါဘူး။ စက်ဝန်းကလည်းပဲ ခုန Eco System ထဲမှာ လည်နေတဲ့ အထဲမှာ လူနဲ့အတူရှိ တိရစ္ဆာန်နဲ့ အတူ ရှိပြီးတော့ ကျွန်မတို့ သက်တမ်းရှိသလောက် ယဉ်ပါးမှုက ဆက်ရှိသွားမယ့် လက္ခာလေးတွေရှိတာ ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီလိုမျိုးလည်း ဖြစ်စဉ်လေးတွေက ယဉ်ပါးမှုကို ကျွန်မတို့ တားဆီးတဲ့အခါမှာ နည်းနည်းလေး ခက်နေတဲ့အထဲမှာ ပါပါတယ်။     ။
    

 

Mizzima Weekly