ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းဖြစ်ရန် အလားအလာရှိ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းဖြစ်ရန် အလားအလာရှိ

ဒီဇင်ဘာ ၁၂ ။             ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုန်တိုင်းဖြစ်ရန် အလားအလာရှိနေကြောင်း ဒေါက်တာထွန်းလွင်က ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက ခန့်မှန်းလိုက်သည်။

“ ကြီးမားတဲ့တိမ်တိုက်ကြီးဖြစ်နေပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းဖြစ်ဖို့အလားအလာ ၂၀% ရှိနေပါတယ်။ လက်ကျန်တစ်လုံးတော့ ဖြစ်လာလိမ့်ဦးမယ်လို့ ခန့်မှန်းရပါတယ်” ဟု ဒေါက်တာထွန်းလွင် က သုံးသပ်ပြောဆိုထားခြင်း ဖြစ်သည်။

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးဇလမှလည်း ခန့်မှန်းထားသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် မွန်းတည့်မှ နောက်၂၄ နာရီအတွင်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီး အတွက် ခန့်မှန်းချက်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဟု မိုးဇလ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲပိုင်းတွင် မကွေးနှင့်နေရာအချို့တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly