ဘရာဇီးက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ သေနတ်သမားက လူလေးဦးကို ပစ်သတ်ပြီး ရဲရောက်လာချိန်မှာ ကိုယ်ကိုကို အဆုံးစီရင်

ဘရာဇီးက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ သေနတ်သမားက လူလေးဦးကို ပစ်သတ်ပြီး ရဲရောက်လာချိန်မှာ ကိုယ်ကိုကို အဆုံးစီရင်

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၂ ။                 ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပေါလိုမြို့အနီးက ကမ်ပင်းနက်စ်မြို့ ဘုရားရှိခိုးကျောင်းမှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်လို့ ဝတ်ပြုဆုတောင်းသူ လေးဦး သေဆုံးပါတယ်။

ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဟာ သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးရာမှာ ၎င်းက ကိုယ့်ကိုကို အဆုံးစီရင်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့ နေ့လယ် တစ်နာရီခန့်မှာ ခြောက်လုံးပြူး၊ ပစ္စတို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ သေနတ်သမားက ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီး ဒဏ်ရာရသူတွေလည်း တော်တော်များများ ရှိခဲ့တယ်လို့ ဆေးဘက်အကူတွေက သတင်းထောက်တွေကို ပြောပါတယ်။

သေနတ်သမားရဲ့ ခုလို ပစ်ခတ်တဲ့ ရည်ရွယ်ချက်ကို မသိရသေးပါ။

သေနတ်သမားဟာ အသက် ၄၉ နှစ်ရှိသူဖြစ်ပြီး အနီးက ဗယ်လင်ဟို့စ်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က  ပြောပါတယ်။

“သေနတ်သမားဟာ ကြုံသလို လိုက်လံ ပစ်ခတ်တာပါ။ ရဲရောက်လာမှ မပစ်တော့ဘဲ ရဲတပ်ဖွဲ့က သူကို ပစ်ခတ်ချိန်မှာတော့ ကိုယ်ကိုကို အဆုံးစီရင်သွားခဲ့တာပါ။”လို့ ဆော်ပေါလိုပြည်နယ် လုံခြုံရေးအတွင်းဝန်ရုံးက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly