ပြင်သစ်ရဲ့ နာမည်ကြီး ခရစ္စမတ်စျေးမှာ ပစ်ခတ်မှုဖြစ်ပြီး သုံးဦးသေဆုံးကာ သေနတ်သမား လွတ်မြောက်နေ

ပြင်သစ်ရဲ့ နာမည်ကြီး ခရစ္စမတ်စျေးမှာ ပစ်ခတ်မှုဖြစ်ပြီး သုံးဦးသေဆုံးကာ သေနတ်သမား လွတ်မြောက်နေ

ပါရီ၊ ဒီဇင်ဘာ ၁၂ ။             ။ ပြင်သစ်နိုင်ငံရဲ့ စတာရက်စ်ဘာ့ဂျ်မြို့က နာမည်ကြီး ခရစ္စမတ်စျေးမှာ အင်္ဂါနေ့က ပစ်ခတ်မှုဖြစ်ပြီး လူသုံးဦးသေဆုံးကာ ဒဏ်ရာရသူ ဒါဇင်များစွာရှိနေပြီး သေနတ်သမား ထွက်ပြေးလွတ်မြောက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အင်္ဂါနေ့ ည ရှစ်နာရီခန့်မှာ ခရစ္စမတ်စျေးရှိရာ လူစည်ကားရာ လမ်းမှာ ပစ်ခတ်မှုဖြစ်တာ စျေးသွားစျေးဝယ်တွေ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။ ရဲက တရားခံနောက် ခြေရာခံ လိုက်လံလျက်ရှိပါတယ်။

ဒီဖြစ််စဉ်မှာ  သေနတ်သမားနဲ့ အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ သေနတ်သမားဟာ ဒဏ်ရာရတဲ့ကြားက ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီး ခရစ္စတိုဖီကာစတန်နာက ဒီသေနတ်သမား ပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။

သေနတ်သမားက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို သိရှိထားပြီး သံသယရှိ အစွန်းရောက်သမား စောင့်ကြည့်စာရင်းမှာ ပါဝင်သူဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းြမြစ်က ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly