ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ခေါင်းမာနေသည့်အချက်များကို ဖော်ထုတ်ရန် အရေးကြီးဟုဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ခေါင်းမာနေသည့်အချက်များကို ဖော်ထုတ်ရန် အရေးကြီးဟုဆို

ဒီဇင်ဘာ ၁၂ ။                ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဘာတွေဆွေနွေးလဲဆိုတာကို မျက်ခြေမပျက်စောင်ကြည့်ဖို့လိုအပ်ပြီး ဘယ်သူ တွေက ဘယ်အချက်မှာ ခေါင်းမာနေလည်းဆိုတာကို ဖော်ထုတ်ရန်အရေးကြီးကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။

 "ကျွန်တော်တို့လည်း ပြောပေါင်းများပါပြီ။ တကယ်တမ်း အကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ လည်းရှိကြတယ်ဗျ။ ဆိုတော့ ပြည်သူလူထုကလိုချင်တိုင်းတော့လည်း မရဘူး။ဒါကြောင့် လှုပ်ပေးနိုင်ကာမှ တန် ကာကျတယ်ဗျ။ နောက်ပြီး နံပါတ် ၁ကအဆက်မပြတ်မျက်ခြေမပြတ်စောင့်ကြည့်ပေးရမယ်။ ပြီးတော့ဘာတွေ ဆွေးနွေးလို့ဘာတွေငြင်းတယ်။ ဘယ်သူတွေက ဘယ်အချက်မှာ ခေါင်းမာနေတယ်ဆိုတာ အဲဒါတွေကို ဖော် ထုတ်ဖို့ အရေးကြီးတယ်။ ဒီနိုင်ငံမငြိမ်းချမ်းရခြင်းရဲ့ အဓိက တရားခံဟာ ဘယ်သူလဲ။ ဘယ်သူတွေ ချယ်လှယ် နေလဲဆိုတာ အဲဒါသိဖို့ အရေးကြီးဆုံးဘဲ" ဟု ဦးမင်းကိုနိုင်က ပြောသည်။

 ၂၁ ရာစုပင်လုံညီလာခံကိုထောက်ခံသောအားဖြင့် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ရန်ကုန်သို့ စုန်ဆင်း လာနေသော ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့၏ ပြည်ကြီးတံခွန်ရေယာဉ်သည် ဒီဇင်ဘာ ၁၁ ရက်က နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့၊ပန်းဆိုးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

 အဆိုပါငြိမ်းချမ်းရေးရေယာဉ်သည် နိုဝင်ဘာ၁၅ ရက်က မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ပြီး မြို့ ၂ရမြို့ကို ဖြတ်သန်းလာခဲ့ခြင်းလည်း ဖြစ်သည်။

 "နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခင်းအကျင်းဟာ ပြည်သူလူထုပါဝင်နိုင်အောင် လမ်းဖွင့်ထားတဲ့အတွက် ပြည်သူလူထုကပါကြပါ။ ငြိမ်းချမ်းရေးတွဲလက်များရဲ့ဆောင်ပုဒ်က "ဒို့လိုချင်တဲ့ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြော ကြားပေး" လို့ဆိုထားတဲ့အတွက်ကြောင့် ပြည်သူလူထုကအနည်းဆုံးငြိမ်းချမ်းရေးအကြောင်းကို ရေငုံနှုတ်ပိတ် မနေဘဲနဲ့ နှုတ်ကဖွင့်ပြောကြဖို့ နှုတ်ကဖွင့်ပြောတော့မှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတဲ့ သူတွေဆီကို သတင်းစကားတွေက ရောက်သွားမှ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးလုပ်ဆောင်မှုက အောင်မြင်မှာ ဖြစ်ပါတယ်" ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင် ကပြောသည်။

 ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ၊ တတိယအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

 ကျင်းပပြီးစီးသွားခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် နိုင်ငံရေးကဏ္ဍအခြေခံမူ ၄ ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ ၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ အခြေခံမူ ၂ ချက်တို့ကို သဘောတူ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အ ပိုင်း ၂ အဖြစ် သဘောတူခဲ့ကြသည်။

ထိုသို့လုပ်ဆောင်နေခဲ့ကြသော်လည်း ကချင်၊ ရှမ်းနှင့် အချို့နေရာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံများမှာ စစ်ဘေးအတွက်တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly