စစ်အောင်ပွဲအဖြစ် သိမ်းပိုက်ထားခဲ့တဲ့ ခေါင်းလောင်းတွေကို အမေရိကန်က ဖိလစ်ပိုင်ထံ ပြန်လည်ပေးအပ်

စစ်အောင်ပွဲအဖြစ် သိမ်းပိုက်ထားခဲ့တဲ့ ခေါင်းလောင်းတွေကို အမေရိကန်က ဖိလစ်ပိုင်ထံ ပြန်လည်ပေးအပ်

ဒီဇင်ဘာ ၁၁ ။            ။ ပြီးခဲ့တဲ့ ရာစုနှစ်တစ်စုအကြာလောက်က စစ်ပွဲအောင်မြင်မှု အထိမ်းအမှတ်အဖြစ် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖိလစ်ပိုင်ဆီကနေ သိမ်းပိုက်သယ်ဆောင်သွားခဲ့တဲ့ ဘုရားကျောင်း ခေါင်းလောင်းကြီးတွေကို ယခုအခါ ဒီဇင်ဘာ ၁၁ ရက်က မူလပိုင်ရှင်လက်ထဲသို့ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ခုလို စစ်ပွဲအတွင်းက သိမ်းယူထားခဲ့တဲ့ ခေါင်းလောင်းကြီးတွေကို အမေရိကန်တို့ဘက်က ဖိလစ်ပိုင်ထံ ပြန်လည်လွှဲပြောင်းအပ်နှံလိုက်ခြင်းနဲ့အတူ နှစ်နိုင်ငံအကြား အကျပ်ရိုက်နေတဲ့ သမိုင်းစာမျက်နှာတစ်ခုကို ပိတ်သိမ်းဖို့ ကြိုးစားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Balangiga bells လို့ ခေါ်တဲ့ ခေါင်းလောင်းကြီးသုံးလုံးကို ပြန်ပေးဖို့ ဖိလစ်ပိုင်တို့ဘက်က ဆယ်စုနှစ်များစွာကြာ တောင်းဆိုနေခဲ့ပြီး ယခု လက်ရှိသမ္မတ ဒူတာတေးလက်ထက်ကျမှ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖိလစ်ပိုင်သမ္မတ ဒူတာတေးလက်ထက်မှာတော့ ဖိလစ်ပိုင်တို့အနေနဲ့ တရုတ်နဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံနေတာကြောင့် အမေရိကန်နဲ့အကြား ဆက်ဆံရေးမှာတော့ စိမ်းကားမှုတွေ ဖြစ်ပေါ်နေလျက်ရှိပါတယ်။

" ဒီ ခေါင်းလောင်းတွေ ပြန်အပ်နှံရတာက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါ၊ ကျွန်တော်တို့အကြားက သမိုင်းကြောင်းမှာ ထိခိုက်နာကျင်ရတဲ့ စာမျက်နှာတစ်ခုကို ခုလို ပိတ်သိမ်းလိုက်နိုင်ပြီး ဒီ အခမ်းအနားမှာ ကျွန်တော် တက်ခွင့်ရတဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်" ဆိုပြီး အမေရိကန် သံအမတ်ကြီး Sung Kim က ခေါင်းလောင်းတွေ ပြန်လည်လွှဲပြောင်းခြင်း အခမ်းအနားမှာ ပြောသွားပါတယ်။

ယင်း ခေါင်းလောင်းကြီးတွေကိုတော့ မူလဘူတ နေရာဖြစ်တဲ့ ဖိလစ်ပိုင် က Balangiga မြို့ ဘုရားကျောင်းဆီ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါဟာ ၁၉၀၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်က စစ်သည် ၄၈ ဦး သေဆုံးတဲ့ အလစ်တိုက်ခိုက်မှုတစ်ခုကို ပြန်လည်လက်စားချေမှုအဖြစ် ဖိလစ်ပိုင်ဘုရားကျောင်းထဲကနေ ယင်းခေါင်းလောင်းကြီးတွေကို အမေရိကန်တပ်ဖွဲ့ဝင်တွေက လာရောက်သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly